သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-05
လက်ပံတန်းမြို့က ကျောင်းသား ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်မဖြိုခွင်းဖို့ ဒီနေ့ ရန်ကုန်မြို့မှာ ကျောင်းသားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းက ဆန္ဒပြတောင်းဆိုရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံထိန်းတွေက အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
2015-03-04
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ အောင်မြေ ဗိမာန်ကျောင်းတိုက်အနီးမှာ အစာငတ်ခံဆန္ဒပြနေတဲ့ သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူတွေကို အကြမ်းဖက်မဖြိုခွဲဖို့ ရန်ကုန်၊ မန္တလေး၊ မုံရွာနဲ့ ပခုက္ကူ မြို့တွေမှာ မြို့ခံတွေနဲ့ ကျောင်းသား ကျောင်းသူတွေ က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-02-28
အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့တောင်း ဆိုနေတဲ့ ကျောင်းသားတွေအနေနဲ့ သပိတ်မရပ်ပဲ ရန်ကုန်ကို ဦးတည်ချီတက်မယ်ဆိုရင် အရေးယူ မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကမနေ့က ကြေညာ လိုက်ပါတယ်။
2015-02-28
ဖေဖော်ဝါရီလ (၂၅) ရက် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ တဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမဝါယမ ဝန်ကြီးဌာနအတွက် တရုတ်ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီး သမဝါယမဝန်ကြီးဌာနရဲ့ ပြည်ထောင် စုဝန်ကြီး ဦးကျော်ဆန်းနဲ့ NLD အမျိူးသား ဒီမိုကရေ စီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တို့ အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး ဝန်ကြီး ဦးကျော်ဆန်းက သမဝါယမ ချေးငွေတွေနဲ့ပတ်သက်လို့ မှားနေတာ ရှိရင် သူတာဝန်ယူပြီး အပြည့်အဝပြန်ဆပ်မယ် လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
2015-02-27
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကရင်တိုင်းရင်းသား အများစုနေထိုင်တဲ့ ကဝတ်-ကော့မပြင်းဒေသမှာ မလေးရှားနိုင်ငံက MSPP Myanmar Stark Prestige plantation ကုမ္ပဏီက မြေဧက ၄သောင်းကျော်ကို အသုံးပြုပြီး ဆီအုန်းစိုက်ပျိုးနေတဲ့အတွက် ပိုင်ဆိုင်မှု ပြသနာပေါ်ပေါက်နေပါတယ်။
2015-02-27
စစ်ကိုင်းတိုင်း ကသာမြို့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဒေသခံတွေ တနင်္ဂနွေနေ့ကဆန္ဒပြပြီး သုံးရက်အကြာ ဆက်သွယ်ရေးဌာနက မြို့လူထုနဲ့ တွေ့ဆုံရှင်းလင်းပွဲလုပ်ပါတယ်။
2015-02-26
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကရင် တိုင်းရင်းသားအများစုနေထိုင်တဲ့ ကဝတ် -ကော့မပြင်းဒေသမှာ မလေးရှားနိုင်ငံက MSPP (Myanmar Stark Prestige Plantation)ကုမ္ပဏီ က မြေဧက ၄ သောင်းကျော်ကို အသုံးပြုပြီး ဆီအုန်းစိုက်ပျိုးနေတဲ့အတွက် ပိုင်ဆိုင်မှု ပြဿနာ တက်နေပါတယ်။
2015-02-26
သမဝါယမဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက မနေ့က ပြည်ထောင်စုလွှတ်တော်မှာ တောင်သူတွေကို ချေးငွေထုတ်ပေးနိုင်ဖို့အတွက် တရုတ်နိုင်ငံ တရုတ်နိုင်ငံဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးယူနိုင်ဖို့ တင်ပြခဲ့ပါတယ်။
2015-02-24
ဆယ်စုနှစ်ပေါင်းများစွာ ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်လာတဲ့ ပညာရေးစနစ်ကြောင့် မြန်မာနိုင်ငံမှာ ဘွဲ့ရပေမဲ့ ပညာရပ်တွေ မတတ်မြောက်ကြဘဲ ရာခိုင်နှူန်းအတော်များများဟာ သင်ကြားလာတဲ့ ပညာနဲ့မကိုက်ညီတဲ့ အလုပ်တွေလုပ်ရပါတယ်။
2015-02-22
အမျိုးသားပညာရေးဥပဒေ မူကြမ်းနဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားနေတဲ့ အချက်တချို့ကို မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့က ရန်ကုန်မြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ရှင်းပြခဲ့ပါတယ်။
2015-02-22
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး တပ်မတော်စစ်ဘက်ရေး ရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်း ဦးက နေပြည်တော်မှာ သတင်းစာရှင်းလင်းခဲ့ ပါတယ်။
2015-02-21
ကျောင်းသားနဲ့ NNER ပညာရေးကွန်ရက်တို့ တောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်ထဲက အချက်တချို့နဲ့ပတ်သက်လို့ လူထုကြားစိုးရိမ်မှုဖြစ်အောင် ရေးသားပြောဆိုမှု တွေရှိနေပါတယ်။
2015-02-19
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က အမှတ် (၂) ပလိပ်အထည်စက်ရုံက အလုပ်သမားတွေဟာ ၂ လနီးပါး သူတို့တောင်းဆိုချက်တွေကို တောင်းဆို ခဲ့ပေမယ့် စက်ရုံဘက်က လိုက်လျောပေးတာ မရှိတဲ့အတွက် ဒီနေ့ ပလိပ်မြို့မှာ လှည့်လည် ဆန္ဒပြခဲ့ပါတယ်။
2015-02-15
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တဝိုက်မှာ အစိုးရတပ်မတော် နဲ့ ဖုန်ကြားရှင် တပ်တွေ မနေ့ကအထိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
2015-02-15
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေမဲပေးခွင့်ဆုံးဖြတ်ချက်အပေါ် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဒီနေ့ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။