တရုတ်ဘဏ်က ဒေါ်လာသန်း ၃ဝဝ ချေးယူရေး ဝန်ကြီး ဦးကျော်ဆန်းနဲ့ NLD အမတ်တွေ ဆွေးနွေးချက်
2015.02.28
ဖေဖော်ဝါရီလ (၂၅) ရက် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမဝါယမ ဝန်ကြီးဌာနအတွက် တရုတ်ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီး သမဝါယမဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနဲ့ NLD အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တို့ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဝန်ကြီး ဦးကျော်ဆန်းက သမဝါယမ ချေးငွေတွေနဲ့ပတ်သက်လို့ မှားနေတာရှိရင် သူတာဝန်ယူပြီး အပြည့်အဝပြန်ဆပ်မယ်လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
ဒီလိုဆွေးနွေးချက်တွေအကြောင်း RFA ဝိုင်းတော်သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။