စိုက်ပျိုးစားရိတ်ချေးငွေတွေ ထိရောက်မှုရှိ မရှိ တင်ပြချက်
2015.02.26
သမဝါယမဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက မနေ့က ပြည်ထောင်စုလွှတ်တော်မှာ တောင်သူတွေကို ချေးငွေထုတ်ပေးနိုင်ဖို့အတွက် တရုတ်နိုင်ငံ တရုတ်နိုင်ငံဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးယူနိုင်ဖို့ တင်ပြခဲ့ပါတယ်။
အဲ့ဒီအပေါ် ချေးငွေတွေမထိရောက်ပဲ ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ ပြောဆိုကန့်ကွက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိခဲ့ပါတယ်။
စိုက်ပျိုးစားရိတ်ချေးငွေတွေ ထိရောက်မှုရှိ မရှိ ဆိုတာကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။