မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲ ဖြိုခွင်းခွင်ခံရတဲ့အကြောင်း တင်ပြချက်

0:00 / 0:00

လက်ပံတန်းမြို့က ကျောင်းသား ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်မဖြိုခွင်းဖို့ ဒီနေ့ ရန်ကုန်မြို့မှာ ကျောင်းသားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းက ဆန္ဒပြတောင်းဆိုရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံထိန်းတွေက အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

ဒီနေ့ ညနေ ၃နာရီလောက်က ကက္ကသိုလ်ကျောင်းသားသမဂ္ဂ ၊ ဧရာဝတီသပိတ်စစ်ကျောင်းက ကျောင်းသားတွေဟာ လက်ပံတန်းက သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းတာ မလုပ်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ဧရာဝတီတိုင်းက ကျောင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဧရာဝတီသပတ်စစ်ကြောင်းက ကိုအောင်အောင်ကျော်က သူတို့တောင်းဆိုတာဟာ လက်ပံတန်းက ပင်မသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

အောင်အောင်ကျော်ကဒ်

ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသားတစ်ဦးက လက်ပံတန်းက သပိတ်စစ်ကြောင်းကို အကြမ်းဖက်မယ်ဆိုရင် ကျောင်းသားတွေအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကျောင်းသားတစ်ယောက်

အထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦးက တရားမဝင်ဆန္ဒပြတာဖြစ်တဲ့အတွက် ဖယ်ရှားဖို့ သတိပေးခဲ့ပါတယ်။

အသံ

အထွေထွေအုပ်ချုပ်ရေးမှူးက သတိပေးပြီးနောက်မှာ ရဲတပ်ဖွဲ့ သတိပေးခဲ့ပါတယ်။

အသံ

ပထမဆုံး စွမ်းအားရှင်အဖွဲ့က ဝင်ရောက်ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ကပါ ဝင်ရောက်ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

(ရေဒီယိုမှာ အသံတွေထဲ့)

ရိုက်နှက်ပြီးတော့ ကျောင်းသူ ကျောင်းသားတွေကို ဒိုင်နာကားတွေပေါ်ကို ဆွဲတင်သွားခဲ့ပါတယ်။

ကျောင်းသားတွေနဲ့အတူ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်း၊ မနုနုအောင် တို့လည်း ပါသွားခဲ့ပါတယ်ခင်ဗျား။