သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-20
ရခိုင်ပြည်နယ်မှာ လေးကြာကျော်ဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲကတော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာပဲ ယာယီ ရပ်စဲထားပါတယ်။
2022-12-20
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရှစ်လအတွင်း ရွာပေါင်း ၁၄၇ ရွာရှိတဲ့အနက် စုစုပေါင်း ၆၁ ရွာက နေအိမ် ၂၅၀၀ ကျော် မီးရှို့ခံရပြီး နှစ်သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-19
အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ အင်အားချိနဲ့လာနေပြီး တော်လှန်ရေးအင်အားစုတွေ ပိုအားကောင်းလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေး ပြန်လည်ထူထောင်နိုင်ဖို့ အရေးတကြီး လိုအပ်လာတဲ့အကြောင်း အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။
2022-12-19
ရန်ကုန်မြို့ကနေ တစ်ဖက်ကမ်း ဒလမြို့ကို ပြေးဆွဲနေတဲ့ ချယ်ရီအမှတ် (၂) သင်္ဘောပေါ်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် မနေ့ညနေ ၆ နာရီဝန်းကျင်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ခရီးသည် ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။
2022-12-19
မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချရာမှာ ဗြိတိန်ကုမ္ပဏီတွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်ခြင်း မရှိအောင် ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK နဲ့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) အပါအဝင် ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၅၁၆ ဖွဲ့က ဒီဇင်ဘာ ၉ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးထံ စာရေးတောင်းဆိုခဲ့ပါတယ်။
2022-12-19
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအပါအဝင် လူငယ် ၁၂ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ (က)/၃၄ လူသတ်မှုနဲ့ စွပ်စွဲပြီး စစ်ခုံရုံးက သေဒဏ်ချလိုက်ပါတယ်။
2022-12-18
ဒီပဲယင်းမြို့နယ် အရှေ့ဘက်အခြမ်းက ရွာတွေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ပစ်ခဲ့လို့ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့ပြီး ညောင်လှ၊ ဝဲကြီး၊ ကံကုန်းနဲ့ သရက်တောရွာက ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒီပဲယင်းဒေသခံတွေက ပြောပါတယ်။
2022-12-17
စစ်ကောင်စီ ထုတ်ပြခဲ့တဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်အသစ်တွေထဲမှာ ရုရှားထုတ် Su 30 တိုက်လေယာဉ်နဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ် Ka 28 အပြင် တရုတ်နိုင်ငံထုတ် FTC 2000G ဘက်စုံသုံးတိုက်ခိုက်ရေးယာဉ်တွေ ပါဝင်ပါတယ်။
2022-12-17
ရှောင်တခင်ခွင့် လုံးဝယူလို့မရတဲ့အပြင် အလုပ်ပျက်ရင် အနည်းဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်နဲ့ ရက်မှန်ကြေးပါ အဖြတ်ခံနေရပြီး အချိန်ပိုဆင်းရင်လည်း အပြန်အကြို/ပို့ (ဖယ်ရီ)ကို အဆင်ပြေမယ့်နေရာအထိ လိုက်မပို့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
2022-12-16
အမေရိကန်အောက်လွှတ်တော်ကလည်း ပြီးခဲ့တဲ့အပတ်က အတည်ပြုပေးခဲ့တာဖြစ်ပြီး ဒီဥပဒေကြမ်းကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးအတည်ပြုပြီးချိန်မှာ ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
2022-12-16
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၊ ခြေမြန်တပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့ကို ပိတ်ဆို့အရေးယူကြောင်း ဗြိတိန်အစိုးရက ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
2022-12-16
၂၀၂၂ ခုနှစ် မကြာခင်ကုန်ဆုံးပြီး ၂၀၂၃ နှစ်သစ်ကို ကူးပြောင်းတဲ့အခါ မြန်မာရေးကို ထောက်ခံအားပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတော့မှာမို့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ ပြည်သူအများစုက မျှော်လင့်နေပါတယ်။
2022-12-15
မြန်မာစစ်တပ်ဟာ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရက်ရက်စက်စက်ကျူးလွန်နေပြီး ဒီ ၂ဝ၂၂ ခုနှစ် တစ်လျှောက်လုံးမှာလည်း ရပ်သွားတာမရှိဘဲ ဆက်လက်ကျူးလွန်နေတယ်လို့ ကုလအရာရှိဟောင်းတွေက ထောက်ပြပါတယ်။
2022-12-15
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ စားဝတ်နေရေးအခက်အခဲ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနဲ့ လွတ်လပ်စွာသွားလာခွင့်မရှိတာတွေကြောင့် ပြည်ပနိုင်ငံတွေကိုသွားဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။
2022-12-15
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ရွာသစ်ရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သားခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၁၄ ရက်မှာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ အရပ်သားတွေဟာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရသလို လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။