သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-12
ချင်းပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီက အင်အား အလုံးအရင်း ဖြည့်တင်းနေတာကြောင့် ဒေသခံတွေအကြား စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
2021-10-10
GDP နဲ့ နိုင်ငံကြွယ်ဝမှုကို တိုင်းတာတဲ့အခါ ၁၅၅ နိုင်ငံအနက် မြန်မာဟာ ၁၄၁ နိုင်ငံမြောက်မှာရှိပြီး ပြည်ပကြွေးမြီတွေ တင်ရှိနေပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း ၁၆၅ နိုင်ငံရဲ့ကြွေးရှင် တရုတ်နိုင်ငံ ကိုလည်း ကြွေးဆပ်ရဖို့ရှိပြီး တရုတ်နိုင်ငံအဖို့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းအတွက် မြန်မာနိုင်ငံက အရေးပါပါတယ်။
2021-10-08
အာဏာသိမ်းစစ်ကောင်စီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ တရုတ် အစိုးရ ကြား က လက်ရှိ ဆက်ဆံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးသစ်ဆင်း က ကောက်နှုတ်တင်ပြထားပါတယ်။
2021-10-08
NUG နဲ့ CRPH တို့ဟာ မြန်မာနိုင်ငံကို အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အစည်းများဖြစ်ကြောင်း ဥရောပသမဂ္ဂပါလီမန်က ဆုံးဖြတ်ချက် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုတရားဝင် ဆုံးဖြတ်လိုက်တာဟာ အာဏာသိမ်းစစ်ကောင်စီ ရဲ့အုပ်ချုပ်မှု တရားမဝင်ကြောင်း ဆုံးဖြတ်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ပြည်ပရောက် မြန်မာ့ အရေးလှုပ်ရှားနေသူတွေက သုံးသပ်ပါတယ်။
2021-10-08
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပြည်သူ့ခုခံတော်လှန် တိုက်ပွဲပေါင်း ၁၃၂ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2021-10-08
မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးအော်ပရေတာ Mytel ဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ ပစ်မှတ်ထား ဖျက်ဆီးမှုတွေခံရပြီး တစ်လအတွင်း တာဝါတိုင်ပေါင်း ၁၂၀ ပျက်စီးခဲ့တာကြောင့် ဆုံးရှုံးမှုက ကျပ်ငွေ ၂၀ ဘီလီယံခန့် ရှိနိုင်တယ်လို့ ဆက်သွယ်ရေးတာဝါတိုင် လုပ်ငန်းဆောင်ရွက်သူတွေက ခန့်မှန်းပါတယ်။
2021-10-07
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သူတွေ အပြစ်လွတ်နေတဲ့အပေါ်၊ ကာကွယ် တားဆီးဖို့ AI နိင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဒါ့ပြင် မြန်မာမှာ စစ်တပ်ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းပေါင်း အနည်းဆုံး (၁၀၆) ခု ရှိနေပေမယ့် အကျိုးအမြတ် စာရင်းစစ်ရလဒ်တွေကို အများပြည်သူ မသိရှိရပါဘူး။
2021-10-07
မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှာ အဆင့်မြင့်ကုန်းတွင်းစီးပွားရေးဇုန် ဆောင်ရွက်မယ်လို့ သတင်းထွက်နေပြီး တရုတ်အာဏာပိုင်တွေက ကျယ်ဂေါင် ဒေသခံတွေကို တွေ့ဆုံနေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ အထောက်အထားမဲ့ မြန်မာတွေ နေရပ်ပြန်ရေးကိုလည်း တရုတ်က ပိုမိုဖိအားပေးလာနေတယ်လို့ တရုတ်ရောက် မြန်မာတွေက ပြောပါတယ်။
2021-10-07
ဦးဖြိုးမင်းသိန်းရဲ့ တရားခွင်ထွက်ဆိုချက်ဟာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဂယက်ရိုက်ခဲ့ပြီး ဦးဖြိုးမင်းသိန်းရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကတော့ သူဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး နိုင်ငံရေးသိက္ခာမဲ့တဲ့ လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့တာလို့ ဝေဖန်ကြပါတယ်။
2021-10-06
ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်မှာ အာဏာမသိမ်းခင် ညပိုင်းထိ စည်စည်ကားကားရှိခဲ့ပေမယ့် အခုဆို ညရှစ်နာရီကျော်တာနဲ့ လူခြေတိတ်ပြီး ခြောက်ကပ် နေပါတယ်။ အာဏာသိမ်း စစ်တပ်ဟာလည်း ညအချိန်တွေမှာ ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေကို စိတ်ထင်တိုင်း အဓမ္မဖမ်းဆီးနေတယ်လို့ ရန်ကုန်က လူငယ်တွေက ပြောကြပါတယ်။
2021-10-06
RFA က စုဆောင်းရရှိထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီး ရှစ်လအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင် စုစုပေါင်း ၄၅၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ နောက်ထပ် ဖမ်းဆီးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လတည်း မှာတင် NLD ပါတီဝင် တစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
2021-10-06
မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြည်တွင်းရေးအကျပ်အတည်းကို အာဆီယံက ကြားဝင်ဖြေရှင်းပေးဖို့ အထူးကိုယ်စားလှယ်ခန့်ထားပေမယ့် အထူးကိုယ်စားလှယ်ကို အတိုက်အခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ စစ်ကောင်စီက တွေ့ခွင့်မပေး ထားပါဘူး။
2021-10-05
NLD အစိုးရလက်ထက်မှာ ကယားပြည်နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက် ခံရတဲ့သူ လူနာ မရှိသလောက်နည်းခဲ့တဲ့ ပြည်နယ်ဖြစ်ပါတယ်။ အခုစစ်ကောင်စီ လက်ထက်မှာတော့ ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးရင်း ကိုဗစ်ကူးစက်ခံရမှုနှုန်းရော၊ သေဆုံးမှုနှုန်းတွေပါ တိုးလာနေပါတယ်။
2021-10-05
စစ်တပ်အာဏာသိမ်းခဲ့တာ ၈ လကျော်ကြာလာပေမယ့်လည်း ပြည်တွင်းအကျပ် အတည်းတွေကို နိုင်ငံတကာက ကူညီဖြေရှင်းတာတွေက ထိရောက်မှုမရှိလို့ လမ်းကြောင်းပြောင်းပြီး ကြားဝင်ညှိုနှိုင်းပေးဖို့ လိုအပ်နေပြီလို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ စစ်ကောင်စီအပေါ် သြဇာအရှိဆုံးက အိမ်နီးချင်းတရုတ်နိုင်ငံဖြစ်သလို ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးစကားဝိုင်းပေါ် ရောက်လာဖို့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက တရုတ်အစိုးရကို ဖိအားပေးတိုက်တွန်းဖို့ လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
2021-10-05
ကရင်ပြည်နယ်နဲ့ ကာယားပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက တိုက်ပွဲ ပေါင်း ၂၇၈ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၂၇၄ ဦးလောက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။