သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-26
အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီ အရေးလှုပ်ရှားသူ လေးဦးကို သေဒဏ် စီရင်လိုက်တဲ့နောက် အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ လုံးဝ ပျက်ပြယ်သလောက် ဖြစ်သွားပြီလို့ မြန်မာ့အရေး လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
2022-08-26
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေက သံဃာအပါး ၅ဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သြဂုတ်လဆန်းက ပြောဆိုခဲ့သလို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဒီရက်ပိုင်းအတွင်း WPA အဖွဲ့က ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေး တစ်ခုမှာလည်း မြန်မာ သံဃာတစ်ပါးက မြန်မာပြည်မှာ သံဃာအပါး ၅ဝ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ မိန့်ကြားသွားခဲ့ပါတယ်။
2022-08-26
အာဏာသိမ်း ၁၈ လကျော်အတွင်း ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်၊ ဘားအံထောင်၊ သာယာဝတီထောင်၊ ကလေးထောင်၊ ပုသိမ်ထောင်၊ ပဲခူးထောင်နဲ့ ပြည်ထောင်တို့မှာ အာဏာရှင်ဆန့်ကျင်ရေး ထောင်တွင်းဆန္ဒပြမှုပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
2022-08-26
ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ရဟန်းသံဃာ ၅၆ ပါး ဖမ်းဆီးခံရပြီး သံဃာ ငါးပါး သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို အခြေခံပြီး RFA က သီးသန့်ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
2022-08-26
မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာ အခုဆိုရင် ငါးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ပါတယ်။
2022-08-25
ပြီးခဲ့တဲ့ ဇွန်လက ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာကို လေးစားထောက်ခံသူများတဲ့အတွက် အာဆာအဖွဲ့ခေါင်းဆောင် အာတူလာ အဘူ အာမာက လုပ်ကြံသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာလို့ စွပ်စွဲထားပါတယ်။
2022-08-25
အခုလို ဗြိတိန်သံအမတ်ကြီးဟောင်းတစ်ဦးကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး RFA အနေနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကို အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ ဗြိတိန်နိုင်ငံသူတစ်ဦးကို ဖမ်းဆီးထားတာကို သူတို့အနေနဲ့ စိုးရိမ်ပူပန်နေပြီး ဒေသအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖြေဆိုပါတယ်။
2022-08-25
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်က တပ်ရင်း ၁၈ ရင်းနဲ့ ကုန်းကြောင်း၊ လေကြောင်းသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2022-08-25
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အငူမော် - မောင်တော ကားလမ်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
2022-08-25
၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ အခု ၂၀၂၂ ဇူလိုင်နဲ့ ဩဂုတ်လအတွင်းမှာ နိုင်ငံတစ်ဝန်းက လက်နက်ကိုင်ခုခံမှုတွေအပေါ် အင်အားသုံး ချေမှုန်းတာတွေကို တိုးလုပ်လာပါတယ်။ လက်နက်ကိုင်ခုခံမှု အရှိန်မြင့်လာတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးနိုင်တဲ့ အနေအထားမှာတောင် အစုအပြုံလိုက် ပစ်သတ်တာတွေ လုပ်လာပြီး၊ နှစ်လအတွင်း PDF တပ်ဖွဲ့ဝင် ၈၀ ကျော် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
2022-08-24
မတရားဖမ်းဆီးချုပ်နှောင်တာတွေ၊ အကြမ်းဖက်မှုတွေ၊ နေအိမ်တွေနဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းတာ၊ စက်ပစ္စည်းတွေကို မတရားသိမ်းယူတာ၊ တယ်လီဖုန်းကနေ ခြိမ်းခြောက်တာ၊ စစ်ဆေးမေးမြန်းတာနဲ့ စောင့်ကြည့်တာ အပါအဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားနှိပ်စက်ညှဉ်းပန်းမှုတွေဟာ အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိသိသာသာကန့်သတ်ရာရောက်တယ်လို့ ဆိုပါတယ်။
2022-08-24
အဲဒီလို လူပေါင်းထောင်နဲ့ချီသေဆုံးပြီး သိန်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရပေမယ့် ကျူးလွန်သူ စစ်တပ်အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ တရားစွဲဆိုခံရတာမရှိဘူးလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က မနေ့က ပြောကြားလိုက်ပါတယ်။
2022-08-24
စစ်ကိုင်းတိုင်းအထက်ပိုင်း ကန့်ဘလူနဲ့ ကောလင်းမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေအကြား ဩဂုတ်လ ၂၃ ရက် မနေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် ည ၁၁ နာရီကျော်အချိန်လောက်မှာ စစ်ကောင်စီ တပ်က ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာဘက်ကို လာရောက်ပစ်ခတ်ခဲ့လို့ အရပ်သားလေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-24
စစ်ကောင်စီက ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းနဲ့ ဒုဥက္ကဋ္ဌ ဦးဝင်းသော် တို့ကို ရာထူးကဖယ်ရှားပြီး စစ်ကောင်စီအလိုကျ ပြုမူဆောင်ရွက်လေ့ရှိတယ်လို့ သတင်းကြီးတဲ့ ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကို ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌအဖြစ် ဩဂုတ်လ ၁၉ ရက်နေ့မှာ ရာထူးတိုးပေးလိုက်ပါတယ်။
2022-08-24
မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာရှိတဲ့ လှေခုတ်နဲ့ ငတရော်ရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ခဲ့ကြတာကြောင့် နေအိမ် ၈၃၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ လက်ရှိမှာ အိုးအိမ်တွေ ဆုံးရှုံးခဲ့ကြရတဲ့ ကျေးရွာနှစ်ရွာက ဒေသခံ ၄၀၀၀ ကျော်ဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။