သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-27
မွန်ပြည်နယ် သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာနားမှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ ညနေက ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ရွာထဲက မသန်စွမ်းတစ်ဦး ပစ်သတ်ခံခဲ့ရသလို ကျေးရွာအထက်တန်းကျောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အအုံ ၁၅၂ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2022-06-27
လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကိုင်တော်လှန်နေကြတဲ့ PDF အပါအဝင် အဖွဲ့အစည်းအချို့ကို လက်နက်ချအလင်းဝင်ဖို့ စစ်ကောင်စီက မြို့ကြီးအချို့မှာ လော်စပီကာနဲ့ လိုက်ပြီးကြေညာနေသလို သတင်းထုတ်ပြန်တာတွေလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။
2022-06-26
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၆ နှစ်တုန်းက ကြိုးပေးကွပ်မျက်တာခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အထိမ်းအမှတ်လှုပ်ရှားမှုတွေ ဒီနေ့ လုပ်ခဲ့ကြပါတယ်။
2022-06-25
စစ်ကိုင်တိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်အနီးက ကျေးရွာတွေကို ဇွန်လ ၂၁ ရက်ကစပြီး ဒီကနေ့ ဇွန်လ ၂၅ ရက်အထိ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးခဲ့ရာ ရွာပေါင်း ၂၀ လောက်က ဒေသခံ ၂၀၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-06-24
ရခိုင်ပြည်နယ်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးနေသလို စစ်တပ်ဘက်ကလည်း AA နဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ အရပ်သားတွေကို လိုက်လံဖမ်းဆီးနေပါတယ်။ ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
2022-06-24
အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ရဲ့ မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ရတဲ့ အခြေအနေတွေဟာ ပိုခက်ခဲလာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေထံ လက်တွေ့သွားရောက်ကူညီနိုင်ရေးကိစ္စဟာ အကန့်အသတ်တွေရှိနေကြောင်း ICRC အဖွဲ့က ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
2022-06-23
အဲဒီနေ့ကအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုပြီး မိန့်ခွန်းပြောခဲ့ရာမှာ လွှတ်တော်တွေဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့အသံကို ထင်ဟပ်ပြသပြီး ဒီမိုကရေစီရဲ့အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
2022-06-23
ရှေ့လာမယ့် တရားခွင်ကြားနာမှုတွေကို အကျဉ်းထောင်ဝင်းအတွင်းက တရားရုံးတစ်ရုံးမှာ ပြုလုပ်မှာဖြစ်ပြီး၊ ထောင်ဝင်းအတွင်းမှာလည်း လုံခြုံရေး ပိုမိုတင်းကြပ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး၊ အရင်လိုပဲ ဘာမဆိုတည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားမယ့် လက္ခဏာတွေ တွေ့ရကြောင်းလည်း သတင်းရင်းမြစ်တစ်ရပ်က ပြောဆိုပါတယ်။
2022-06-23
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဇွန်လ ၂၀ ရက်နေ့အထိ စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း အရပ်သား နှစ်ထောင်ကျော် အသတ်ခံရတဲ့အပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်နဲ့ နယ်သာလန်နိုင်ငံတို့က ဝမ်းနည်းကြောင်း ဇွန်လ ၂၂ ရက် မနေ့က ထုတ်ဖော်ပြောဆိုပါတယ်။
2022-06-23
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ တိုက်ခိုက်ခံရမှု တိုးလာနေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်လာရတာဟာ လူ့အဖွဲ့အစည်းအတွက် အလွန်ဆိုးရွားလွန်းတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
2022-06-22
အရာရှိတချို့ အပါအဝင် ရာနဲ့ချီတဲ့ တပ်သားတွေ ခွင့်မဲ့ပျက်ကွက်လာတာတွေ၊ EAO တွေ PDF တွေနဲ့ ပူးပေါင်းသွားတာတွေလည်း ပေါ်ပေါက်လာနေကြောင်း၊ အရင်က စစ်တပ်အတွက် လူသစ်စုဆောင်းမှု များပြားခဲ့တဲ့ မကွေးနဲ့ စစ်ကိုင်းလိုနေရာတွေက လူငယ်တွေဟာ၊ အခုတော့ PDF တွေဆီ ဝင်ရောက်သွားနေကြကြောင်းလည်း ဆောင်းပါးမှာ ဖော်ပြပါတယ်။
2022-06-22
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတားရက်စ်ကလည်း သေဒဏ်အပြစ်ပေးတာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာရောက်တဲ့အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူနှစ်ဦးကို သေဒဏ်ချထားတာ ချက်ချင်းပယ်ဖျက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။
2022-06-22
ပြည်နယ်လူဦးရေရဲ့ ထက်ဝက်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ အချိန် တစ်နှစ်ကျော်တဲ့အထိ ထောက်ပံ့ကူညီမှု အလုံအလောက် မရတာကြောင့် စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ တောင်ယာစိုက်ပျိုးနေကြရပါတယ်။
2022-06-22
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှကျေးရွာ မူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက် နေ့က တာဝန်ကျရာကျေးရွာကနေ မောင်တောမြို့နယ် ပညာရေးမှူးရုံးကို ဆိုင်ကယ်နဲ့သွားတဲ့ လမ်းခုလတ် တစ်နေရာမှာ အမည်အသိအဖွဲ့တစ်ခုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ ဒီနေ့ဆိုရင် ဖမ်းဆီးခံထားရတာ အချိန်ခုနစ်ရက် ရှိသွားပါပြီ။
2022-06-21
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ အခြေခံပညာ ဝန်ထမ်းတွေကို တာဝန်ပြန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက် ဝန်ထမ်း ၃၁၀၀ ကျော် ပြန်ဆက်သွယ်လာတယ်လို့ စစ်ကောင်စီက ပြောပါတယ်။