သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-22
ICJ တရားရုံးမှာ မြန်မာနိုင်ငံရင်ဆိုင်ရမယ့်အချိန်ဟာ ရက်ပေါင်း ၂၀ ပဲလိုပါတော့ တယ်။ ဒါကြောင့် အခြေအနေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေ ဝင်း၊ ကချင်လူငယ် ဆိုင်းနုပန်နဲ့ မွန်လူငယ် မဝိဇယ တို့ရဲ့ အမြင်နဲ့သဘောထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2019-11-22
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆိုပြုချက် လေးရပ်အပေါ် တိကျတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလမှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရ ခေါင်းဆောင်တွေ နေပြည်တော်မှာ သီးခြားထပ်မံတွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ချင်းမိုင် အစည်းအဝေးမှာ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။
2019-11-21
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ သက်သေ အထောက်အထားတွေ အမြောက်အမြား ရှိနေတယ်လို့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုတဲ့အမှုအတွက် ဂမ်ဘီယာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ Foley Hoag ရှေ့နေအဖွဲ့က ပြောလိုက်ပါတယ်။
2019-11-21
မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှု ဖွင့်တိုင်ကြားထားတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ဖြေရှင်းမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးက ထုတ်ပြန်ထားပါတယ်။
2019-11-21
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တပ်မတော် အကြီး အကဲတွေကို တရားဥပဒေအရအရေးယူဖို့ ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားချက်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့တရားရုံးမှာ လာမယ့် ဒီဇင်ဘာလထဲမှာ ပထမဆုံး ကြားနာပါတော့မယ်။
2019-11-21
နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် ကုလသမဂ္ဂယူနီဆက်ဖ်က သတ်မှတ်ထားသလို ကလေးအခွင့်အရေး သဘောတူညီစာချုပ်ကို ကုလသမဂ္ဂမှာ ၁၉၈၉ ခုနှစ်က ပြဌာန်းခဲ့တဲ့အတွက် ဒီနှစ်ဟာ အနှစ် ၃၀ ပြည့်ဖြစ်ပါတယ်။
2019-11-20
အာဖရိကတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားတဲ့ ICJ- Intenational Court of Justice နိုင်ငံတကာတရားရုံး ကျင့်ထုံးဆိုင်ရာ တစေ့ တစောင်းနဲ့ မြန်မာနိုင်ငံရင်ဆိုင်ရတဲ့ ညှပ်ပူးညှပ်ပိတ်အခြေအနေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2019-11-20
မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုကို ရင်ဆိုင်ဖို့အတွက် နယ်သာလန်နိုင်ငံကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အဆိုးအကောင်း ဝေဖန်ချက် တချို့ကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2019-11-20
ရခိုင်ပြည်နယ်အပါအဝင် ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးတွေက စပါးတွေကို အစိုးရက ငွေကျပ် ၁၅ ဘီလီယံ အသုံးပြုပြီး အခြေခံရည်ညွှန်းဈေးနှုန်းနဲ့ ဝယ်ယူဖို့ အခုလအတွင်းမှာ ညွှန်ကြားလိုက်ပါတယ်။
2019-11-18
စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့ သံချပ်တွေကြောင့် ပုဒ်မ - ၅၀၅ (က)နဲ့ တရားစွဲ ခံခဲ့ရပြီး အလုပ်ကြမ်းနဲ့ ထောင်တနှစ်စီ ချခံထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ဦးဆောင်လူငယ် ၅ ယောက်နဲ့ နောက်ထပ် မိန်းကလေး တယောက်၊ စုစုပေါင်း ခြောက်ယောက်ကို ဒီနေ့မှာ အဲဒီပုဒ်မနဲ့ပဲ အလုပ်ကြမ်းနဲ့ ထောင်တနှစ်စီ ထပ်ချလိုက်ပါတယ်။
2019-11-18
တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဗိုလ်တထောင်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် တစ်နှစ် ထပ်မံချမှတ်လိုက်ပါတယ်။
2019-11-18
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA က ဖမ်းဆီးခေါ်ဆောင် သွားတဲ့ အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် ဦးဝှေ့တင်းနဲ့တကွ ဝန်ထမ်းများ အရပ်သားများကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ တောင်းဆိုတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ဆွေးနွေးပါတယ်။
2019-11-18
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က တအာင်းကျောင်းသားနဲ့လူငယ်အဖွဲ့ TSYU ရုံးနဲ့ တအာင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ရပ်ကွက်တွေကို ရဲတပ်ဖွဲ့၊ တပ်မတော် ပူးပေါင်းပြီး မနေ့က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့က မိုင်းမျိုးအောင်က ပြောပါတယ်။
2019-11-18
ဘန်ကောက်မြို့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ တပ်မတော်ထုတ် စစ်လက်နက်ပစ္စည်းတွေကို ပထမဆုံးအကြိမ် ခင်းကျင်းပြသလျှက်ရှိပါတယ်။
2019-11-18
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှာ တပ်ရင်းမှူးတစ်ဦး ကျဆုံးသွားပြီး နောက်ပိုင်း တပ်မတော်က ရွာထဲမှာ တပ်စွဲထားပြီး ရွာသားလေးဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။