သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-27
လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ပုလဲ၊ ဝက်လက်နဲ့ မြောင်မြို့နယ်တွေမှာ အောက်တိုဘာ ၈ ရက် ကနေ ၂၂ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် လူ ၃၃ ဦး အသက်ဆုံးခဲ့ပါတယ်။
2022-10-26
မစ္စတာ တွမ်အင်ဒရူးက ကုလသမဂ္ဂဟာ သူတင်ပြထားတဲ့ အဆင့် ၇ ဆင့်ကို ယူကရိန်းနိုင်ငံအတွက် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် ၄ ရက်ပဲ ကြာခဲ့ပြီး မြန်မာနိုင်ငံအတွက်တော့ ၁၈ လကြာတဲ့အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိတဲ့အကြောင်း နှိုင်းယှဉ်ပြီး ပြောသွားပါတယ်။
2022-10-26
ပြည်သူချစ်တဲ့ အနုပညာရှင်တွေ၊ ပြည်သူတွေဟာ မိမိတို့ရဲ့ကျေးဇူးရှင်တွေပါလို့ တဖွဖွပြောဆိုခဲ့ကြ၊ ပြောဆိုနေကြတဲ့ အနုပညာရှင်တွေအနေနဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားမှုတွေမှာ ဘယ်လောက်ပါဝင်ပံ့ပိုးနေကြပါသလဲ ....။
2022-10-26
အာဏာသိမ်းပြီး လပေါင်း ၂၀ အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေထဲမှာ တိုက်ပွဲပေါင်း ၆၇၀၀ နီးပါးရှိခဲ့ပြီး စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီး ကိုးခုအထိ သိမ်းနိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
2022-10-26
ဒဏ်ရာရသူ ၆၁ ဦးထဲမှာတော့ အရပ်သား ၂၈ ဦးပါဝင်ပြီး ကျန် ၃၃ ဦးက ကေအိုင်အို အမှုထမ်းတွေဖြစ်တယ်လို့လည်း ပြောပါတယ်။ နောက်ထပ် ပျောက်ဆုံးနေသူတွေလည်းရှိနေသေးတဲ့အတွက် သေဆုံးထိခိုက်စာရင်းကို ထပ်မံအတည်ပြုဖို့ ကြိုးစားနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2022-10-26
အာဆီယံ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက အကောင်အထည်မဖော်ဘဲ အကြမ်းဖက်မှုတွေ ပိုဆိုးလာတာကြောင့် မနက်ဖြန် အောက်တိုဘာ ၂၇ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ စုပေါင်းပြီး အရေးပေါ်အစည်းအဝေး ပြုလုပ်ဖို့ စီစဥ်ထားပါတယ်။
2022-10-25
နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်တာဟာ စစ်ကောင်စီရဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနဲ့ နိုင်ငံ့ဘဏ္ဍာကို မမှန်မကန် သုံးစွဲမှုတွေကြောင့် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
2022-10-25
အောက်တိုဘာလ ၂၃ ရက်နေ့ညက စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ ၇၀ လောက်အထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ကို ကယ်ထုတ်ဖို့ကြိုးစားနေပေမယ့် စစ်ကောင်စီက တားမြစ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက RFA ကို ဒီနေ့ပြောပါတယ်။
2022-10-25
ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အောက်တိုဘာလ ၂၄ ရက်နေ့က စီထရန် (Sitrang) ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ဒုက္ခသည် ရှစ်ရာခန့် ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းခဲ့ကြရပြီး အိမ်ထောင်စု သုံးရာလောက် အခက်အခဲ တွေ့နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2022-10-24
စစ်ရေးလှုပ်ရှားမှုနဲ့ မဆိုင်တဲ့ အရပ်သားပစ်မှတ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တဲ့အကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူတွေက RFA ကို ပြောပါတယ်။
2022-10-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကေအိုင်အို တည်ထောင်တဲ့ ၆၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၂၃ ရက် မနေ့ညက တေးဂီတဖျော်ဖြေပွဲပြုလုပ်နေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၅၀ ခန့်သေဆုံးပြီး ၁၀၀ နီးပါးလောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2022-10-24
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူ့အခွင့်အရေးဌာနကို အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ လ ၂၀ ကျော်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၃ ဦး အသက်ဆုံးခဲ့ပါတယ်။
2022-10-23
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်နေလို့ ဒေသခံ ၁၃ ဦးသေဆုံးပြီး ကျေးရွာ ၁၅ ရွာက အရပ်သား တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-22
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး ကို လူတစ်စုက တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက်မှာ ဒုက္ခသည်တွေက လုံခြုံရေး ပိုပြီး စိုးရိမ်ထိတ်လန့်နေကြတယ်လို့ တမ်ခါလီ ဒုက္ခသည်စခန်းက ကိုခင်မောင်က ပြောပါတယ်။
2022-10-22
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အရပ်သား လေးဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။