သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-20
အာဏာသိမ်းစစ်တပ်လက်အောက်က မြန်မာနိုင်ငံမှာ အောက်ခြေပြည်သူအများစု ဆင်းရဲမွဲတေမှု ပြဿနာအပြင် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ၊ ကိုရိုနာကိုဗစ် ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2021-10-20
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် ရွေးကောက်ပွဲ တွေမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ကြိုးပမ်းလာ ပါတယ်။ ဒါဟာ စစ်တပ်က နိုင်ငံရေးမှာ ပိုခြယ်လှယ်ဖို့ လုပ်ဆောင်နေတာလို့ နိုင်ငံရေးပါတီတချို့နဲ့ လေ့လာသူတွေက ပြောပါတယ်။
2021-10-20
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှာ ပိတ်မိနေတဲ့ကုန်ပစ္စည်းတွေကို မြန်မာဘက် တင်သွင်းဖို့ နယ်စပ် မန့်ဝိန်းဂိတ်ပေါက်ကို ဖွင့်မယ်လို့ တရုတ်နယ်စပ်တာဝန်ရှိ သူတွေက ပြောဆိုထားပေမဲ့ မြန်မာကုန်သည်တွေဘက်က ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံဘက် တင်ပို့ခွင့်ရမှသာ နယ်စပ်ဂိတ်ကိုဖွင့်ဖို့ တောင်းဆိုနေကြပါတယ်။
2021-10-20
မြန်မာနိုင်ငံမှာ တစ်ချိန်က သီတင်းကျွတ်ကာလမှာ မိသားစုတွေ ပြန်ဆုံပြီး မိဘဘိုးဘွားတွေကို ကန်တော့ကြ၊ မီးထွန်းပွဲတော်ကျင်းပပြီး ဆီမီးပူဇော်ကြ၊ မိသားစုတွေ ပျော်ပျော်ပါးပါး လည်ပတ်ကြပေမယ့် စစ်တပ်က အာဏာသိမ်းထားတဲ့ ဒီနှစ်သီတင်းကျွတ်မှာတော့ ပြန်မဆုံနိုင်တော့တဲ့ မိသားစုဝင်တွေ၊ တကွဲတပြားစီဖြစ်နေတဲ့ မိသားစုဝင်တွေ များနေပါတယ်။
2021-10-18
စစ်အာဏာသိမ်းပြီး ဈေးနှူန်းတွေ တက်လာတဲ့အတွက် လယ်ယာမစိုက်ပျိုးဖို့ တချို့လယ်သမားတွေ ဆုံးဖြတ်ထားပါတယ်။ ဒီအတောအတွင်း တင်း ၁၀၀ အတွက် အခြေခံရည်ညွှန်းပါဈေးနှုန်းကို ငွေကျပ် ၅၄၀,၀၀၀ သတ်မှတ်လိုက်တဲ့အတွက် ဒီနှုန်းနဲ့ စိုက်ပျိုးဖို့ မလွယ်တော့ဘူးလို့ပြောပါတယ်။
2021-10-18
အောက်တိုဘာလ ၁၈ ရက်နေ့က စစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးကို လွှတ်ပေးဖို့နဲ့ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ကိုလည်း အမှုတွေပိတ်သိမ်းပေးပြီး လွှတ်ပေးဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
2021-10-18
ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာမှာ ဒုတိယတိုင်းမှူး ဗိုလ်ချုပ်မျိုးထွန်းလှိုင်ရဲ့ ကွပ်ကဲမှုအောက်ကနေ တာဝန်ထမ်းဆောင်ပြီး မကြာသေးခင်က CDM ဝင်လာတဲ့ တပ်ကြပ်ကြီးစာရေး ဟင်လျန်ပြန်ရဲ့ ရုပ်သံဗီဒီယိုကို CDF အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2021-10-18
စစ်အာဏာသိမ်းပြီးတဲ့နောက်ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေကို စစ်ကောင်စီဘက်က အကြမ်းဖက်ဖြိုခွဲသတ်ဖြတ်မှုတွေ ဖြစ်လာပြီးတဲ့နောက် ပြည်သူတွေဘက်ကလည်း ခုခံစစ်တွေဖြစ်လာပြီး မြို့ပြတွေမှာ ဗုံးခွဲတိုက်ခိုက်တာတွေ အဆက်မပြတ်ဖြစ်နေ ပါတယ်။
2021-10-18
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်ရှေ့မှာ တပတ်ကြာပြုလုပ်ခဲ့တဲ့ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက် ရေး လှုပ်ရှားမှုအကြောင်းကို RFA ဝိုင်းတော်သား ကိုချမ်းမြေ့အောင် တင်ပြထားပါတယ်။
2021-10-18
အောက်တိုဘာလ ၁၇ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး နေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာပြည်သူတွေရော ဆင်းရဲမွဲတေမှုဒဏ် ဘယ်လိုရင်ဆိုင်နေကြရလဲဆိုတာ RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။
2021-10-16
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ပြောက်ကျားစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် မနေ့က အောက်တိုဘာ ၁၅ ရက် တစ်နေ့တည်းမှာတင် စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် အယောက် ၆၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်က ထုတ်ပြန်ပါတယ်။
2021-10-15
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းဆိုင်ရာ အထူး အစည်းအဝေး သောကြာနေ့က ပြီးဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာ စစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် မပြုဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း NHK သတင်းဌာနက ကြားဖြတ်သတင်းအဖြစ် ဖော်ပြခဲ့ပါတယ်။
2021-10-14
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် နိုင်ငံတစ်ဝန်းက သံဃာတော်တွေကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ရာမှာ ဘွဲ့အမည်အတိအကျနဲ့ စာရင်း ရထားသူ ၃၆ ပါးရှိတယ်လို့ ဓမ္မနဲ့ငြိမ်းချမ်းရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
2021-10-13
BAT ခေါ် British American စီးကရက်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ လုပ်ငန်း အားလုံးကို ရပ်ဆိုင်းပြီး ဒီနှစ်ကုန်ပိုင်းမှာ ထွက်ခွာမှာဖြစ်ကြောင်း အင်္ဂါနေ့က ပြော ပါတယ်။
2021-10-13
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အောက်တိုဘာလ ၁၁ ရက် မနေ့ကအထိ အချိန်ရှစ်လ ကျော်ကာလအတွင်း တာဝန်ကနေ နုတ်ထွက်သွားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးပေါင်း ၃၆၀ ကျော်အထိ ရှိလာပါတယ်။