မြို့ပြ အခြေခံလူတန်းစားတွေ စိုးရိမ်မှုနဲ့ ဝမ်းစာရှာနေရ
2021.10.18
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီက အင်အားသုံး ပစ်ခတ် ဖြိုခွဲခဲ့ပြီးနောက် နိုင်ငံတဝန်းမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တဲ့ တိုက်ပွဲတွေ ပေါ်ပေါက်လာပါတယ်။ အလားတူပဲ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာလည်း ဗုံးပေါက်ကွဲမှုသတင်းတွေ မကြာခဏ ဆိုသလို ကြားနေရပါတယ်။
ဒီလို လုံခြုံမှုကင်းမဲ့တဲ့ အခြေအနေအောက်မှာ မြို့ပေါ်က လက်လုပ်လက်စား အခြေခံလူတန်းစားတွေရဲ့ နေ့စဉ်ဘဝကို RFA သတင်းထောက် မိယဉ်စနိုင်း တင်ပြထားပါတယ်။