ရန်ကုန်- ဒလ မြစ်ကူးတံတားစီမံကိန်း ကန့်ကွက်မှုတွေရှိနေ


2018.11.24
dala-bridge-project-622.jpg Asia World ဆိပ်ကမ်းကို ရန်ကုန်မြစ်ကနေ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းကနေ ဒလဘက်ခြမ်းကို ဆက်သွယ်မယ့် မြစ်ကူးတံတားစီမံကိန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင်ရဲ့ Asia World ကုမ္ပဏီ၊ မြန်မာ့စက်မှု ဆိပ်ကမ်းနဲ့ ဆိပ်ကမ်းအာဏာပိုင် အဖွဲ့တွေက အကြိမ်ကြိမ် ကန့်ကွက်တာတွေကြောင့် ကြန့်ကြာနေတာဖြစ်ကြောင်း ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။

ရန်ကုန် - ဒလ တံတားစီမံကိန်းနဲ့ အကောင်အထည်ဖော်မယ့် အစီအစဉ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒလမြို့နယ်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန် - ဒလ တံတားစီမံကိန်းကို တောင်ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းတည်ဆောက်မှာဖြစ်ပြီး မြန်မာ- ကိုရီးယား နှစ်နိုင်ငံ သဘောတူညီချက်ကို နိုင်ငံတော် သမ္မတ ကိုယ်တိုင် လက်မှတ် ရေးထိုးထားပြီးဖြစ်တာကြောင့် ကန့်ကွက်မှုတွေ ရှိပေမယ့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ဒလမြို့ဒေသခံတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

ဒါကြောင့် လာမယ့် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တံတားတည်ဆောက်ရေး ပန္နက်တင်အခမ်းအနားကို ကျင်းပသွားမယ်လို့လဲ ပြောပါတယ်။

ဒလမြို့နယ် ပြည်သူတွေအနေနဲ့ တံတားတည်ဆောက်ရေး မလုပ်မှာကို စိုးရိမ်နေတာတွေရှိတာကြောင့် ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပြီး ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့လဲ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောထားကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။