ရန်ကုန် - ဒလ တံတား ဆောက်လုပ်ရေး ဧပြီလ စတင်မည်


2018.01.12
dala-622.jpg ရန်ကုန်တိုင်း၊ ဒလမြို့နယ် မြို့ဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့နှစ်ထဲက စီစဉ်ထားခဲ့တဲ့ ရန်ကုန်နဲ့ ဒလကို ဆက်သွယ်တဲ့ ကိုးရီးယား-မြန်မာ ချစ်ကြည်ရေးတံတားကို အခုနှစ် ဧပြီလအတွင်း စတင်ဆောက်လုပ်တော့မှာဖြစ်ကြောင်း သိရပါတယ်။

ဒီတံတားအတွက် အမေရိကန်ဒေါ်လာ ၁၆၈ သန်းကျော် သုံးစွဲမှာဖြစ်ပြီး လာမယ့် ၂၀၂၀ -၂၁ ခုနှစ်မှာ အပြီးသတ် ဆောက်လုပ်နိုင်ဖို့ ခန့်မှန်းထားပါတယ်။

အဲဒီ ကိုးရီးယား - မြန်မာ ချစ်ကြည်ရေး တံတားဟာ အရှည် ၁၉၃၆ ပေ၊ အမြင့် ၁၆၀ ပေ ရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နွေရာသီတိုင်း ရေပြတ်လပ်လေ့ရှိတဲ့ ဒလမြို့နယ်အတွက် ရန်ကုန်ကနေ ရေပေးဝေနိုင်မယ့် အစီအစဉ်တွေ ကိုပါ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။