ရန်ကုန်-ဒလ တံတား ၅နှစ်အတွင်း တည်ဆောက်မည်


2016.09.20
dala-city-620.jpg ရန်ကုန်တဘက်ကမ်း ဒလမြို့ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန် - ဒလ တံတားတည်ဆောက်ရေးစီမံကိန်းကို ၅နှစ်အတွင်း အပြီးတည်ဆောက်ဖို့ လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောလိုက်ပါတယ်။

ဒလမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ရန်ကုန်- ဒလ တံတားတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး မူလရေးဆွဲထားတဲ့ ဒီဇိုင်းဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ JICA တို့ ပူးပေါင်းရေးဆွဲထားတဲ့ 2040 Yangon City Plan နဲ့ ဆန့်ကျင်ဘက်ဖြစ်နေခြင်း၊ ယာဉ်ကြောကြပ်တည်းမှု များ ဖြစ်ပေါ်ြခင်းများကြောင့် တံတားစီမံကိန်း ရပ်ဆိုင်းရပါက အခြားနေရာမှာ ရန်ကုန်-ဒလ တံတား တည်ဆောက်ပေးဖို့ အစီအစဉ်ရှိ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် က ပြောကြားခဲ့ တာဖြစ်ပါတယ်။

"ဒလတံတားဟာ ၂၀၂၀၊ ၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြီးစီးရန် စီစဉ်ရေးဆွဲထားပါတယ်"

အဲဒီတံတားစီမံကိန်းဟာ ရန်ကုန်ဘက်ကမ်း၊ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနဲ့ ဒလဘက်ကမ်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ၊ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ထားတဲ့ အူကြောင်းဟာ ထိခိုက်မှုအနည်းဆုံး လမ်းကြောင်း ဖြစ်တဲ့အတွက် ရွေးချယ်ထားကြောင်းနဲ့ တံတားတည်ဆောက်ရေး ကာလအတွင်းမှာလည်း ယာဉ်ကြောကျပ်တည်းမှု အနည်းဆုံးဖြစ်ရေးအတွက် ကိုးရီးယား အတိုင်ပင်ခံကုမ္ပဏီနဲ့ အသေးစိတ်တွက်ချက်ပြီး စီစဉ်သွားမှာဖြစ်ကြောင်း ဝန်ကြီး ဦးဝင်ခိုင်က တင်ပြခဲ့ပါတယ်။

ဒါ့အပြင် အခြားနေရာမှာ ရန်ကုန်-ဒလတံတား သို့မဟုတ် မြစ်ဖြတ်ရေး လိုဏ်ခေါင်းတည်ဆောင်ဖို့ စီစဉ်ထားခြင်းမရှိကြောင်းလည်း ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။