ရန်ကုန်မှာ လူငယ် ၁၁ ဦး ဖမ်းဆီးခံရ

RFA Burmese
2023.01.12
ရန်ကုန်မှာ လူငယ် ၁၁ ဦး ဖမ်းဆီးခံရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် လူငယ်များအား တွေ့ရစဉ်။
MPA

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်၊ သန်လျင်မြို့နယ်နဲ့ လမ်းမတော်မြို့နယ်အတွင်းမှာ ဇန်နဝါရီ ၁၁ ရက် တစ်ရက်တည်းမှာပဲ လူငယ် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင် လမ်းမအနီးမှာ လေးဦး၊ သန်လျင်မြို့ ပဲခူးစုရပ်ကွက်မှာ နှစ်ဦးနဲ့ လမ်းမတော်မြို့နယ် အင်းဝအအေးဆိုင်အနီးမှာ ငါးဦး ဖမ်းဆီးခံရပြီး အများစုဟာ အသက် ၁၇ နှစ်ကနေ ၂၀ ကျော်အရွယ်တွေလို့ ဆိုပါတယ်။

သူတို့ကို နေအိမ်တွေမှာ ဝင်ဖမ်းတာမျိုး မဟုတ်ဘဲ လမ်းပေါ်နဲ့ အအေးဆိုင်တွေမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ကားနဲ့ ခေါ် ဆောင်သွားတာလို့ သန်လျင်မြို့မှာ နေထိုင်တဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"ကလေးနှစ်ယောက်က ပဲခူးစု ဘုရားလေးနားက အအေးဆိုင် ထိုင်နေတာ။ အဲဒါကို ဒယ်ဗယ်ကပ်ကားနဲ့ လာဖမ်းသွားတယ်။ အခုမှ ၁၀ တန်းတက်နေတဲ့ ကျောင်းသားတွေပေါ့။ ဘာကြောင့် အခုလို ဖမ်းဆီးတယ်ဆို တာတော့ မသိရဘူး"

ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရ သေးပါဘူး။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ကားနဲ့တင်ခေါ်သွားပြီး ကားပေါ်မှာတင် ဆဲဆို ရိုက်နှက်တာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လူငယ် ၁၁ ဦးကို ဖမ်းဆီးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန် တာမျိုး မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ စာရင်းအရ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူတွေနဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူ ၁၃၂၉ ဦးကို ဖမ်းဆီးထောင်ချထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။