ယန်ဟီးလီ ထိရောက်မှုမရှိလို့ ကချင် ဝန်ကြီး ဝေဖန်


2016.06.24
yangheelee-kachin-620.jpg ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှဝ် Ms. Yanghee Lee ကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ အတူ မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၄ ရက်နေ့ တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်အတွင်းက တိုင်းရင်းသားတွေရဲ့ လူအခွင့်အရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခြင်းမရှိတဲ့ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိရောက်တဲ့ လုပ်ဆောင်ချက်မဟုတ်ဘူး လို့ ကချင်ပြည်နယ် လီဆူတိုင်း ရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee နဲ့ တွေ့ဆုံဆွေးနေွးခဲ့ရာမှာပါဝင်ခဲ့တဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ပြောတာဖြစ်ပါတယ်။

"တိုင်းရင်းသားများအခွင့်အရေး၊ လူ့အခွင့်အရေးဆိုတဲ့နေရာမှာဆိုလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှုအခွင့်အရေး၊ စားဝတ်နေရေး ပြီးတော့မှ တိုင်းရင်းသား တစ်မျိုးနဲ့တစ်မျိုး ချစ်ကြည်ရေးနေရာမှာ လူ့အခွင့်အရေး ဆုံးရှုံးတာတွေ၊ တန်းတူရည်မျှအခွင့်အရေး ရရှိတာတွေ ဒါတွေကို စိစစ်မှုမရှိတဲ့အခါကျတော့ ထိရောက်တဲ့အောင်မြင်မှုတော့ ရှိမယ်လို့တော့ ဒီအကန့်နဲ့ပဲ ဆွေးနွေးသွားမယ် ဆိုလို့ရှိရင်တော့ အခြေခံကျတဲ့ အရေးကြီးတဲ့အပိုင်းတွေကတော့ ဘာမှဆွေးနွေးမှုမရှိသေးတော့ သိပ်ထိရောက်မှုမရှိဘူးလို့ ကျနော်ကခံယူပါတယ်"

Yanghee Lee က အစည်းအဝေးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ညပိုင်းက မြစ်ကြီးနားမြို့မှာ တပ်မတော်သားနှစ်ဦး နဲ့ လူငယ်ရှစ်ယောက်တို့ရဲ့ ရုန်းရင်းဆန်ခတ်မှုမှာပါဝင်လို့ သေဆုံးခဲ့ရတဲ့ ကွန်ပြူတာ တက္ကသိုလ်ကျောင်း သား မောင်ဂွမ်ဆိုင်းအောင်ရဲ့ကိစ္စကို မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

ခရီးစဉ်အတွင်း Ms. Yanghee Lee ဟာ မြစ်ကြီးနားအကျဉ်းထောင်၊ ကယ်ဆယ်ရေးစခန်းတချို့ကို သွားရောက်ခဲ့ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန်မှာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို သွားရောက်မှာဖြစ်ပြီး သူ့ခရီးစဉ်ပြီးဆုံးချိန် မြန်မာနိုင်ငံက မထွက်ခွာခင်မှာ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး သတင်းစားရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanhee Lee ဟာ ဒီကနေ့ ကချင်ပြည် နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA သတင်းထောက် ကိုကျော်မျိုးမင်း စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။