မြန်မာစီမံကိန်းတွေကို ကမ္ဘာ့ဘဏ်ငွေကြေးကူညီမှုအားလုံး ရပ်တန့်ထား


2018.07.02
jim-yong-kim-bangladesh-622 ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အမ္မာမူဟစ်နှင့် ကမ္ဘာ့ဘဏ်အကြီးအကဲ ဂျင်ယုံကင် တို့ကို ၂ဝ၁၈ ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: Jim Yong Kim via Twitter

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဖိအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နောက်ထပ်စီမံကိန်းတွေမှာ ငွေကြေးကူညီဖို့ အဆိုပြုမှုအားလုံး ရပ်တန့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အမ္မာ မူဟစ်နဲ့ မနေ့က တွေ့ဆုံစဉ် အခုလို ပြောခဲ့တာလို့ ဘဏ္ဍာရေးဝန်ကြီးကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Independence သတင်းစာက ဒီနေ့ ရေးပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တခြား ဖိနှိပ်ခံလူနည်းစုတွေအတွက် စီမံကိန်း ၂ ခုကလွဲပြီး မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးရေး စီမံကိန်းအားလုံးကို ရပ်ဆိုင်းထားတယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးကို ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၄၈ဝ ပေးအပ်ကူညီမှာဖြစ်ပြီး၊ အဲဒီအထဲက သန်း ၅ဝကို အချိန်တိုတိုအတွင်း ပေးအပ်သွားမယ်လို့ ပြောပါတယ်။  ဒ့ါအပြင် ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်ကျမှုတွေအတွက် အမေရိကန် ဒေါ်လာ သန်း ၅ဝ ခန့်ကို အစိုးရကို ပေးမယ်လို့လည်း ပြောကြားခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။