အမျိုးသမီး သီးသန့်ယာဉ်လိုင်း မနက်ဖြန် စတင်ပြေးဆွဲမည်
2014.10.26
အမျိုးသမီး သီးသန့်ယာဉ်လိုင်းကို မနက်ဖြန် အောက်တိုဘာလ ၂၇ ရက်နေ့က စပြီး ရန်ကုန်မြို့ တောင် ဥက္ကလာပကနေ ဘုန်းကြီးလမ်း စံပြအထိ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
အမျိုးသမီး သီးသန့်ယာဉ်လိုင်းပြေးဆွဲပေးဖို့ကို ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်လောက်ကတည်းက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက မကြာခဏတင်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၄ လလောက် ကမှ တိုင်းဒေသကြီးလွှတ်တော်က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ရုံးတက်ရုံးဆင်းချိန်တွေမှာသာ အမျိုးသမီးတွေ သွားရေးလာရေး အဆင်ပြေဖို့ ပြေးဆွဲပေးသွားမှာဖြစ် တယ်လို့ မထသ ၃၁ ယာဉ်လိုင်းက ယာဉ်ပိုင်ရှင် ဦးကိုကိုနိုင်က ပြောပါတယ်။
"ရုံးတက် ရုံးဆင်းအမျိုးသမီးတွေက ကျပ်တောင့်ပြီးတော့ စီးနေရတဲ့အခါကျတော့ အဲ့ဒီဟာတွေ သက်တောင့်သက်သာနဲ့ သူတို့တွေရုံးတာဝန်တွေ ဆောင်ရွက်လို့ရအောင် တစ်စိတ်တစ်ပိုင်း သက်သာသွားလည်း မဆိုးဘူးဆိုပြီးတော့ အရံှှုးအနည်းဆုံးနဲ့ ပရဟိတလေး လုပ်ပေးတာပေါ့၊ ယာဉ်ပိုင်ရှင်တွေ အများစုဆန္ဒနဲ့ပေါ့နော်၊ မ.ထ.သ ဗဟိုကနေပြီးတော့ ခွင့်ပြုချက် တိုင်းဒေသကြီး အစိုးရကို တင်ပေးတယ်၊ ခွင့်ပြုချက်ရလို့ အဲ့ဒါစထွက်မှာ"
အမျိုးသမီးသီးသန့်ယာဉ်လိုင်းကို မနက် ၇ နာရီကနေ ၈ နာရီ အထိနဲ့ ညနေ ၄ နာရီကနေ ၅ နာရီ ခွဲအထိ ယာဉ် ၅ စီးစီပြေးဆွဲပေးသွားမှာဖြစ်ပြီး ယာဉ်စီးခကို ခရီးစဉ်တစ်ဖြတ်လျှင် ၅ဝ ကျပ်သာ ကောက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသမီးသီးသန့်ယာဉ်လိုင်း ရေရှည်ပြေးဆွဲနိုင်ဖို့အတွက် အမျိုးသမီးတွေစီးနင်းကြတဲ့ အပေါ်မှာ မူတည်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောပါတယ်။
"ဘက်စ်ကားတွေမှာ အမျိုးသမီးတွေ ကာယသိက္ခာဆုံးရံှှုးမှှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အန်တီက ဒီကိစ္စကိုတင်ပြခဲ့တာပေါ့နော်၊ အမျိုးသမီးဘက်စ်ကား အမျိုးသမီးတွေကိုယ်တိုင် အားပေးဖို့ စီးနင်းဖို့လိုတယ်၊ မဟုတ်လို့ရှိရင် မိန်းကလေးဘက်စ်ကားတွေ ရေရှည်မှာတည်တံ့မှာမဟုတ်ဘူး၊ အဲ့လိုလုပ်လာခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ ကာယသိက္ခာပျက်ပြားမှှုတွေလည်း အခိုက် အတန့်ပေါ့ လျော့ကျသွားမယ်"
ယာဉ်လမ်းကြောင်းကတော့ တောင်ဥက္ကလာ၊ ဗေလီမှတ်တိုင်ကနေ ကျောက်ကုန်း၊ တာမွေဈေး၊ ယုဇနပလာဇာ၊ ပုစွန်တောင်ဈေး တို့ကိုဖြတ်သွားပြီး ဘုန်းကြီးလမ်း စံပြ မှာဂိတ်ဆုံးမှာ ဖြစ်ပါတယ်။