အမျိုးသမီး တန်းတူညီမျှရေးဆွေးနွေးပွဲ ရန်ကုန်မှာကျင်းပ


2013.11.02

ငြိမ်းချမ်းစွာအတူနေထိုင်ရေးနဲ့ တရားမျှ တရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေ အနေနဲ့ မျှမျှတတပါဝင်နိုင်ရေး ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီးခန်းမမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။  

အစိုးရအနေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုကို အားပေးသင့်ကြောင်းနဲ့ အားလုံးကလည်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းလုပ်ဆောင်သင့်တယ်လို့ ဆွေးနွေးခဲ့ကြောင်း ဒီဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးခဲ့သူ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့များ ကွန်ယက် ( WON) က ဒေါ်ရွှေရွှေစိန်လတ်က RFA ကို ပြောပါတယ်။

လာမယ့်နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာလည်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတင်ရေးခေါင်းစဉ်တွေနဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးစကားဝိုင်းကို ရန်ကုန်မြို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။