အာဏာရှင်ဆန့်ကျင်တဲ့ အမျိုးသမီးတွေကို အမေရိကန်အပါအဝင် ငါးနိုင်ငံ အသိအမှတ်ပြု

RFA Burmese
2024.03.08
အာဏာရှင်ဆန့်ကျင်တဲ့ အမျိုးသမီးတွေကို အမေရိကန်အပါအဝင် ငါးနိုင်ငံ အသိအမှတ်ပြု ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့ပေါ်တွင် ဆန္ဒပြခဲ့ကြစဉ်။
Reuters

အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ ကနေဒါ၊ နယ်သာလန်နဲ့ နယူးဇီလန်နိုင်ငံတို့က မတ်လ ၈ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီအမျိုးသမီးတွေဟာ မိသားစုကို ထောက်ပံ့ပေး၊ စောင့်ရှောက်ပေးနေရင်းကနေ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ထူထောင်နိုင်ဖို့ ကြိုးပမ်းနေကြတာလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး တည်ဆောက်ရာမှာ အရေးပါနေပြီး နောက်ခံ အခြေအနေနဲ့ စွမ်းဆောင်ရည်အမျိုးမျိုးရှိကြတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအားလုံး အဓိက အခန်းကဏ္ဍက ပါဝင်သင့်တယ်လို့ ရေးသားထားပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အတွင်းမှာ အမျိုးသမီး ၃၃၃၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ချခံရသူ ၇၈၁ ဦး၊ သေဆုံးသူ ၈၀၆ ဦး ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။