သေနတ်ကိုင်မယ်လို့ ဦးဝီရသူ မိန့်


2018.10.14
wirathu-army-support-ygn-622.jpg ဆရာတော် ဦးဝီရသူ ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပတဲ့ တပ်မတော် ထောက်ခံပွဲမှာ တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်းကို နိုင်ငံတကာက အရေးယူအပြစ်ပေးတာတွေ ဝင်ရောက်လာမယ်ဆိုရင် သူကိုယ်တိုင် သေနတ်ကိုင်မယ်လို့ အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ဆရာတော် ဦးဝီရသူက မိန့်လိုက်ပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပတဲ့ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် ဖိအားပေး စွက်ဖက်နေတဲ့ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်ရှုတ်ချပွဲမှာ ဆရာတော် ဦးဝီရသူ က အဲဒီလို ဟောပြောခဲ့ တာဖြစ်ပါတယ်။

အမျိုးသားရေးအင်အားစုတွေ ဦးဆောင်ကျင်းပတဲ့ ကန့်ကွက်ရှုတ်ချပွဲမှာ ဦးဝင်းကိုကိုလတ်လည်း ဟောပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။