တပ်မတော်ထောက်ခံပွဲနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လားရှိုးမှာ ကျင်းပ
2019.05.19

လားရ်ှိုးမြို့ အမျိုးသားရေးအင်အားစုအဖွဲ့က ဦးဆောင်ပြီး တပ်မတော်ထောက်ခံပွဲ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ပုဒ်မ၂၆၁ ပြင်ဆင်ရေး ၊ တိုင်းနဲ့ပြည်နယ်အသီသီးက ဝန်းကြီးချုပ်တွေကို တိုင်းရင်းသား တွေထဲက စိတ်တိုင်းကျရွေးချယ်ခွင့်ရရှိရေးအတွက်ဆိုပြီး ရည်ရွယ်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို လားရှိုးမြို့မှာ ဒီနေ့ မနက်က ပြုလုပ်ခဲ့ပါတယ်။
လားရှိုးမြို့ မြို့တော်ခန်းမကနေ သိန္နီလမ်းအတိုင်း ပြည်နယ်အားကစားခန်းမအထိ ထောင်နဲ့ချီတဲ့ သူ တွေက ကြွေးကြော်သံတွေနဲ့ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။
ပြည်နယ်အားကစားခန်းမမှာတော့စာရေးဆရာ အောင်ကျော်ဆန်း၊ ဒေသခံတိုင်းရင်းသား ဦးခင်အောင်ဆွေနဲ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဘူးလက် ဦးလှဆွေတို့က ဟောပြောခဲ့ကြပါတယ်။
ဒီကနေ့ထောက်ခံပွဲကို သီပေါ၊ နောင်ချို၊ သိန္နီ၊ ကျောက်မဲ၊ တာမိုညှဲ၊ မန်တုံ၊ မိုင်းရယ်၊ တန့်ယန်း၊ ဟို ပန်၊ ကွမ်လုံ၊ နောင်ခမြို့နယ်တွေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ စစ်မှုထမ်း ဟောင်းတွေ၊ လားရှိုးမြို့ပေါ်ကျောင်းတိုက်အချို့က သံဃာတွေအပြင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ တွေ အင်အားခြောက်ထောင်ကျော်လောက် တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။