ကျန်းမာရေးဆိုင်ရာနည်းပညာတွေ ဆက်လက်ကူညီမယ်လို့ WHO ပြော

RFA Burmese
2025.02.07
ကျန်းမာရေးဆိုင်ရာနည်းပညာတွေ ဆက်လက်ကူညီမယ်လို့ WHO ပြော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus။
AFP

လတ်တလောဖြစ်နေတဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာပြည်တွင်း ကျန်းမာရေးဆိုင်ရာကိစ္စတွေအတွက် ကမ္ဘာလုံးဆိုင်ရာရောဂါဖြစ်ပွားမှု သတိပေးချက်နဲ့ တုံ့ပြန်မှုကွန်ရက် (GOARN) ကနေတစ်ဆင့် အဝေးကနေ နည်းပညာတွေ ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

များပြားကျယ်ပြန့်လာတဲ့ အကြမ်းဖက်မှုတွေနဲ့အတူ မြန်မာပြည်တွင်း ပြည့်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲသွားတာကြောင့် မြန်မာပြည်သူအများစုဟာ မရှိမဖြစ်လိုအပ်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမမီ ဖြစ်နေတယ်လို့ WHO ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတဲ့ ဒေသတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာ ကာလဝမ်းရောဂါဖြစ်ပွားတာ ပိုမိုဆိုးဝါးလာတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ (GOARN) ကတစ်ဆင့် မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးပေးဖို့ ကျွမ်းကျင်သူနှစ်ဦး ထားရှိထားတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရောဂါဖြစ်ပွားမှုစောင့်ကြည့်ရေးလုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးကူညီမှုတွေ ဆက်လိုနေသေးတာကြောင့် GOARN က အဝေးကနေ နည်းပညာတွေ ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ WHO က အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။