မူးယစ်တိုက်ဖျက်ရေး မြန်မာအစိုးရ အားနည်း
2015.03.19

မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမရှိကြောင်း နဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ် မှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် တည်ရှိနေ ဆဲဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောကြား လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က တင်ပြခဲ့တဲ့ နိုင်ငံတကာမူးယစ် တိုက်ဖျက်ရေး နှစ်ပါတ်လည် အစီရင်ခံစာမှာ မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားအစိုးရတွေဟာ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို သူတို့ပေးခဲ့တဲ့ ကတိတွေနဲ့အညီ ဆောင်ရွက်ခြင်း မရှိကြောင်း ဖေါ်ပြထားပါတယ်။
အခုလို ထိရောက်စွာ ဆောင်ရွက်ခြင်းမရှိပေမဲ့ သမ္မတ အိုဘားမားအစိုးရက မြန်မာနိုင်ငံအစိုးရ အနေနဲ့ နိုင်ငံရေးပြုပြင်မှုတွေ ရှိတယ်ဆိုပြီး ပိတ်ဆို့မှုတွေကို ပယ်ဖျက်ထားတာ သုံးနှစ်ရှိပြီလို့လည်း ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးက အာဖဂန်နစ္စ တန်နိုင်ငံဖြစ်ပါတယ်။