မြန်မာနိုင်ငံမြို့ကြီးတွေမှာ VISA ကဒ်နဲ့ ငွေထုတ်နိုင်ပြီ
2012.12.26
ဒါဟာ ခေတ်မှီတဲ့ နည်းစနစ်နဲ့ ငွေသုံးစွဲမှု အလွဲအပြောင်းကိစ္စတွေကို မြန်မာနိုင်ငံမှာ အောင်မြင်စွာ စတင်အသုံးပြုလာနိုင်တာဖြစ်ပြီး၊ VISA ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အာမခံချက်တွေအတိုင်း မြန်မာနိုင်ငံမှာ ဆောင်ရွက်သွားဖို့ VISA ကုမ္ပဏီကလည်း သဘောတူလက်ခံထားကြပါတယ်။
အခုလို VISA ကဒ် ကုမ္ပဏီနဲ့ မြန်မာပြည်တွင်းကဘဏ်တွေ အတူတကွလက်တွဲလုပ်ဆောင်နိုင်တာကို ဂုဏ်ယူကြောင်းနဲ့ ဒါဟာ ခေတ်မှီတဲ့ နည်းစနစ်တွေနဲ့ ငွေကြေးသုံးစွဲမှုအတွက် အရေးကြီးတဲ့ ခြေလှမ်းအစဖြစ်တယ်လို့လည်း VISA ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ၂ဝ၁၃ ကျရင် ဆီးဂိမ်း အရှေ့တောင်အာရှ အားကစားပွဲတော်နဲ့ ကမ္ဘာ့စီးပွားရေးဆိုင်ရာ ညီလာခံကြီးတရပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အစီအစဉ်ရှိပြီး အခု အကောင်အထည်ဖေါ်လိုက်တဲ့ ငွေထုတ်စက်တွေဟာ အများအတွက် အကျိုးများမယ်လို့ အကဲခတ်ပုဂ္ဂိုလ်တွေက ပြောပါတယ်၊