မီးဘေးအန္တရာယ် ကာကွယ်ဖို့ ရွာပြင်ထွက် ချက်ပြုတ်ရမယ့် အမိန့်ထုတ်

မီးဘေး ကာကွယ်တဲ့အနေနဲ့ ကျေးရွာ တွေမှာ ရွာအပြင်ဘက် ထွက်ပြီး ချက်ပြုတ်ဖို့ မကွေးတိုင်း အတွင်း မြို့နယ် အားလုံးလိုလိုမှာ သက်ဆိုင်ရာ က အမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

2011.04.10

ဒေသခံ တောင်သူတဦးကတော့ ဒီအမိန့်ကြောင့် သူတို့ အတော်လေး ဒုက္ခရောက်နေတယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

“ရွာနဲ့ ကိုက် ၅ဝ အကွာမှာ သွားချက်ရတယ်။ မီးလန့်တာတွေ များနေလို့တဲ့။ ခံတောင်းလေးတွေနဲ့ ရွက်ပြီးတော့ သွားကြရတာပေါ့။ အဆင်မပြေဘူး တရွာလုံး ဒုက္ခတွေ များတာပေါ့”

ရွာတွေမှာ မီးအန္တရာယ် တကယ်တမ်း သတိထားရမှာက ဖယောင်းတိုင်မီး ဖြစ်တယ်လို့ တောင်သူဦးကြီးက ဆိုပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် အဓိပ္ပါယ် မရှိဘူးပေါ့။ အဓိကကတော့ ကျေးရွာတွေ အနေနဲ့ ဖယောင်းတိုင် ထွန်းတာတို့၊ ခြင်ဆေးခွေ ထွန်းအိပ်တာတို့ပဲ မီးအန္တရာယ် ဖြစ်နိုင်တယ်လို့ပဲ ကျနော်တို့က ယူဆတယ်လေ။ ထင်းမီးနဲ့ ချက်တယ်ဆိုတာလည်း အားလုံးက ပြီးရင် ငြှိမ်းမယ်ဆိုရင် ပြဿနာ မရှိပါဘူး”

ရွာအပြင်ဘက် ထွြက်ပီး ချက်ပြုတ်ရမယ် ဆိုတဲ့အမိန့်ကို မကွေးတိုင်းအတွင်း အခုမှ ထုတ်ပြန်တာဖြစ်ပြီး ရက် ၂ဝ ဝန်းကျင်လောက်သာ ရှိသေးတယ်လို့ ပြောပါတယ်။ ချက်ရမယ့် အချိန်တွေကိုတော့ မနက် (၅) နာရီကနေ (၇) နာရီအထိ၊ ညနေ (၅) နာရီကနေ (၇) နာရီအထိ ကန့်သတ်ထားတာပါ။ ကျေးရွာတွေမှာ အများအားဖြင့် မီးလောင်လေ့ မရှိသလိုပဲ ရွာတွေအလိုက် သက်ဆိုင်ရာက မီးသတ်ဌာနတွေ ဖွင့်လှစ်ပေးတာလည်း မရှိသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။