တောင်လေးလုံးမှာ ဦးဝင်းတင် အမှတ်တရ သစ်ပင်နဲ့ ကျောက်စာ စိုက်ထူ


2014.05.21
uwintin-mdy-305.jpg မန္တလေးတိုင်း၊ အမရပူရမြို့၊ တောင်လေးလုံး ကျောင်း တိုက်ဝင်းအတွင်းမှာ မေလ ၂၁ ရက်နေ့က ဆရာကြီး ဦးဝင်းတင် အမှတ်တရ ရုပ်ထုကျောက်စာတိုင်နဲ့ ကံ့ကော်ပင်တစ်ပင်ကို စိုက်ထူဖွင့်လှစ်ပွဲကို တွေ့ရစဉ်
Photo: Hset Paing Toe /RFA

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖြစ် တာဝန်ယူခဲ့သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် တစ်လပြည့် အထိမ်းအမှတ်အဖြစ် ရုပ်ထုကျောက်စာတိုင်နဲ့ ကံ့ကော် ပင်တစ်ပင်ကို ဒီနေ့ စိုက်ထူခဲ့ပါတယ်။

ဆရာကြီး ဦးဝင်းတင်အတွက် ရည်စူးတဲ့ ကျောက် စာတိုင်အကြောင်း စာရေးဆရာ ဆရာမောင်သစ်လွင် လူထုက အခုလို ပြောပါတယ်။

"ဦးဝင်းတင်ဆိုတာက စာနယ်ဇင်းသမားလည်းဖြစ် တယ်၊ နိုင်ငံရေးသမားလည်းဖြစ်တယ်၊ နိုင်ငံရေး ကို သေတဲ့အထိ အလုပ်လုပ်သွားတဲ့ပုဂ္ဂိုလ်၊ သူ့ကို ကြည့်လိုက်တဲ့အခါကျတော့ စာရေးတော့ လည်း ပြည်သူ့အတွက်၊ နိုင်ငံရေးလုပ်တော့ လည်း ပြည်သူ့အတွက် အဲလိုပုဂ္ဂိုလ်ဆုံးပါးသွားတဲ့ အတွက် ပြည်သူတွေအတွက် အင်မတန်အား တစ်ခု လျော့သွားစေပါတယ်နော်၊ အဲဒါကြောင့်မို့ ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ ကျောက်တိုင်ကိုတော့ တို့တတွေ မျိုးဆက် သစ်တွေအတွက် အမှတ်တရဖြစ်စေဖို့၊ နောင်လာနောင်သားတွေအတွက် ရှိသင့်ရှိအပ်တဲ့ ကျောက်တိုင်ကို ဖွင့်လှစ်ကြတာဖြစ်ပါတယ်"

အဲဒီ ကျောက်စာတိုင်ဟာ ဆရာကြီးဦးဝင်းတင် ပြောကြားခဲ့တဲ့ နိုင်ငံရေးနဲ့ စာပေအကြောင်းတွေထဲက ထင်ရှားတဲ့ အမှတ်တရစကားတွေကို ထွင်းထားတာ ဖြစ်ပါတယ်။

ဒီနေ့အခမ်းအနားမှာ စာရေးဆရာတွေနဲ့ နိုင်ငံရေးသမားတွေက ဆရာကြီး ဦးဝင်းတင်အတွက် အမှတ်တရစကားတွေ ပြောခဲ့ကြတဲ့အပြင် ဂုဏ်ပြု ကဗျာတွေကိုလည်း ရွတ်ဖတ်ခဲ့ကြသလို ဆရာကြီး ဦးဝင်းတင် ဖေါင်ဒေးရှင်းအတွက် ငွေလှူဒါန်းတာတွေလည်း ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။