နိုင်-ကျဉ်းများနဲ့ လူငယ်များအတွက် အလှူငွေ ကျပ် ၄၂ သိန်း ချီးမြှင့်
2015.07.12

လက်ရှိအကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးအကျဉ်း သားဟောင်း ၁၄ ဦးနဲ့ လူငယ်ဘုံရိပ်သာအတွက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက အလှူငွေကျပ် ၄၂ သိန်းကို မိသားစုဝင်တွေထံ ပေးအပ်လှုဒါန်းခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ဦးဝင်းတင်သေဆုံးခဲ့ပေမယ့် နာမည်ကျန်ရစ်ဆဲဖြစ်တဲ့ ဒီဖောင်ဒေး ရှင်းကို တိုးတက်အောင် အားလုံးက ပံ့ပိုးပေးကြဖို့ ပြောပါတယ်။
"ကျနော်တို့ ဆိုရိုးစကားတိုင်း လူသာသေသွားတယ်၊ သူရဲ့နာမည်ကတော့ မသေဘူး၊ တစ်နည်းအားဖြင့်ပြောမယ် ဆိုရင် ဟံသာဝတီဦးဝင်းတင်ဟာ မသေဘူး၊ ရှိနေသေး တယ်၊ ပြည်သူလူထုရဲ့စိတ်ထဲမှာ ကျန်နေတယ်ဆိုတဲ့ သဘောသက်ရောက်တယ်၊ ဒါကြောင့်မို့လို့လည်း ဒီဖောင်ဒေးရှင်းကို ဆက်လက်ပြီးတော့ ရှင်သန်စေချင်ပါတယ်၊ ဒါကို အားလုံးပြည်သူလူထုကသိပြီးတော့ ဝိုင်းဝန်းပြီး အားထုတ်ပြီးတော့ လုပ်ကိုင်ပေးကြပါ"
လှူဒါန်းပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ ၂၁ ကြိမ်မြောက် လှူဒါန်းမှုဖြစ်ပါတယ်။
အဲဒီလို လှူဒါန်းတဲ့အထဲမှာ လက်ပံတောင်းကြေးနီစီမံကိန်းဒေသမှာ သေနတ်ထိမှန် သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်း အမှုမှန် ပေါ်ပေါက်ရေးအတွက် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြ လို့ အဖမ်းခံရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒေါ်လေးလေး၊ ကိုတင်ထွဋ်ပိုင် တို့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ စာနယ်ဇင်းသမား ၁၄ ဦးတို့အတွက် အလှူငွေကျပ် ၂ သိန်းစီ လှူဒါန်းခဲ့ပါတယ်။
ဟံဟာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အကျဉ်းကျနေတဲ့ နိုင်ငံရေး သမားတွေ၊ စာနယ်ဇင်းသမားနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း စုစုပေါင်း ၆၆၀ ဦးအတွက် ထောက်ပံ့ငွေကျပ်သိန်း တစ်ထောင့်ခြောက်ရာကျော် ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။