ဟံသာဝတီ ဦးဝင်းတင်ရဲ့ ပုံတူ ရုပ်တု PEN Myanmar ကိုပေးအပ်
2014.12.11

အမေရိကန် ပန်းပုပညာရှင် ဂျင်မက်နယ်လိစ် (Jim McNalis) က သူထုလုပ်ခဲ့တဲ့ ကွယ်လွန်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင် ရဲ့ ပုံတူရုပ်ထုကို PEN Myanmar အဖွဲ့ထံ ဒီကနေ့ လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ PEN Myanmar ရုံးမှာပြုလုပ်တဲ့ လွဲှပြောင်းပေးအပ်ပွဲမှာ Mr. McNalis က ဆရာဦးဝင်းတင်ဟာ ပြည်သူတွေကို စိတ်ခွန်အားပေး နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
"ဦးဝင်းတင်ဟာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းထောင်ထဲမှာနေခဲ့ရပေမဲ့ သူ့ယုံကြည်ချက် ပျက်မသွားဘဲ နိုင်ငံရေးကို အသက်ထက်ဆုံး လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အားလုံး အပေါ်မှာ စိတ်ဓါတ်ရေးရာအရ အားပေးနိုင်ခဲ့ သူဖြစ်သလို ဘယ်လိုဖိအားတွေကိုမှ ဒူးမထောက် ခဲ့ပါဘူး” လို့ ပန်းပုဆရာ ဂျင်မက်နယ်လိစ် Jim McNalis က ပြောသွားခဲ့တာပါ။
ဂျင်မက်နယ်လိစ် ဟာ ၁၉၉ဂ ခုနှစ်လောက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူကို ထုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ရုပ်ထုလွဲှပြောင်းပေးအပ်တဲ့ အခမ်းအနားကို ဆရာဦးဝင်းတင်ရဲ့ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံရေး သမားတွေနဲ့ သတင်းစာဆရာတွေ တက်ရောက်ခဲ့ ကြပါတယ်။
စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရတဲ့ ဟံသာဝတီ ဦးဝင်းတင်ဟာ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။