မြန်မာ့အရေး ကုလတင်တဲ့သူတွေကို တရားစွဲမယ်လို့ ကြံ့ခိုင်ရေးကိုယ်စားလှယ်ပြော


2019.02.21
hlahtaywin-622.jpg ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း ကို တွေ့ရစဉ်
Phohto: Win Ko Ko Latt/RFA

မြန်မာ့အရေးကို ကုလသမဂ္ဂမှာ မဲခွဲခံရအောင် လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ နိုင်ငံတွေကို တရားစွဲမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း က ပြောပါတယ်။

တပ်မတော်(ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး အငြိမ်းစားလည်းဖြစ်သူ ဦးလှဌေးဝင်းက ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ခေတ္တနားချိန်မှာ သတင်းထောက်တွေကို အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။

သူတို့ကို တရားပြန်စွဲနိုင်အောင်လည်း အချက်အလက်တွေရရှိထားကြောင်း၊ အဲဒီအချက်တွေပေါ်မူတည်ပြီး တရားဥပဒေအရဆောင်ရွက်သွားမှာဖြစ်ကြောင်း ဦးလှဌေးဝင်းက ပြောပါတယ်။

တဆက်တည်းမှာပဲ ဝါသနာတူ ဥပဒေပညာရှင်တွေ၊ နိုင်ငံရေးပညာရှင်တွေ၊သုတေသနပညာရှင်တွေပါဝင်တဲ့ တာဝန်သိ မြန်မာနိုင်ငံသားများအဖွဲ့ကို ဖွဲ့စည်းထားကြောင်းလည်းပြောပါတယ်။

မြန်မာ့တပ်မတော်ကို စွပ်စွဲထားတဲ့ ဒေသက ပြည်သူတွေကို မေးမြန်းထားတဲ့ မှတ်တမ်းတွေကိုလည်း ရယူထားတဲ့အပြင် လူသက်သေတွေ စုဆောင်းထားပြီး ဖြစ်တယ်လို့လည်းပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။