မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီနဲ့ ကမ္ဘောဒီးယား ဆွေးနွေးမည်

2022.01.27
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီနဲ့ ကမ္ဘောဒီးယား ဆွေးနွေးမည် ၂၀၂၂ ဇန်နဝါရီလ ၇ ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံကြစဉ်
Photo: Myanmar Military
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားတို့အကြား ဇန်နဝါရီ ၂၈ ရက် မနက်ဖြန်မှာ မြန်မာ့အရေးဆွေးနွေးဖို့ရှိတယ်လို့ သံတမန်အသိုင်းအဝိုင်းက သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။
 
လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားက ခန့်အပ်ထားတဲ့ အာဆီယံအထူး ကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Noeleen Heyzer တို့လည်း တံခါးပိတ်အစည်းအဝေးကို တက်ရောက်သွားဖို့ရှိတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။
 ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံအာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပထမဆုံးတွေ့ဆုံတဲ့ နိုင်ငံခေါင်းဆောင် တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မစ္စတာဟွန်ဆန်ရဲ့ အငြင်းပွားဖွယ် မြန်မာခရီးစဉ်နဲ့ ပတ်သက်လို့ အစီရင်ခံဖို့ မျှော်လင့်ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
 
မြန်မာကို အကျပ်အတည်းကနေ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ဘယ်လို ကူညီကယ်ထုတ် နိုင်မလဲ ဆိုတဲ့အပေါ် အာဆီယံနိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေသလို ဆွေးနွေးငြင်းခုန်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကတော့ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေအကြား သဘော တူညီချက် ငါးချက် ရရှိထားပါတယ်။ ပဋိပက္ခတွေကို သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေကနေ ဖြေရှင်းဖို့ အပါအဝင် ဒီသဘောတူညီချက်တွေကို အကောင် အထည်ဖော်ဖို့ အာဆီယံက စစ်တပ်ကို ဖိအားပေးနေကြတာ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။