ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ သတင်းစာရှင်းလင်း


2018.05.02
unsc-622.jpg ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ကတွေ့ရစဉ်
Photo: Myanmar State Counsellor Office Facebook

ရိုဟင်ဂျာအရေးလေ့လာဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ သူတို့တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ နေပြည်တော်မှာ ဒီနေ့ညနေ ၆ နာရီလောက်ကစပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

အဲဒီမှာ လုံခြုံရေးကောင်စီဥက္ကဌဟောင်း ပီရူးနိုင်ငံသံအမတ်ကြီးက -“ ဒုက္ခသည်တွေပြန်တဲ့အခါ သူတို့လုံခြုံရေးအာမခံရှိဖို့၊ ပြီးတော့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတဲ့ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖေါ်ထုတ်ဖို့ကိစ္စတွေဟာ အရေးကြီးတဲ့အတွက်ဒီကိစ္စတွေကို ကျနော်တို့ဆွေးနွေးခဲ့ပါတယ်” လို့ပြောပါတယ်။

ကူဝိတ်ကိုယ်စားလှယ်ကလည်း “ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ပဋိဉာဉ်စာတမ်းကို လိုက်နာရမှာဖြစ်သလို၊ ဒုက္ခသည်ပြန်ပို့ရေးဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီရပါ့မယ်လို့ ပြောပါတယ်။ ပြီးတော့ ဒီလိုပြန်ပို့တဲ့အလုပ်တွေမှာလည်း ကုလသမဂ္ဂအဖွဲ့တွေ ပါဝင်ရမှာဖြစ်ပါတယ် လို့ ပြောပါတယ်။

အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံ ကိုယ်စားလှယ်က - လုံခြုံရေးကောင်စီအနေနဲ့ ဒီပြဿနာနဲ့ပတ်သက်လို့ ရှောင်ထွက် သွားမှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကိုတော့ သူတို့အနေနဲ့ မစီစဉ်ရသေးပါဘူးလို့လည်းပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။