ကုလဌာနေကိုယ်စားလှယ် တာဝန်ကအနားယူ
2017.10.12

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ရီနာတာ ဒက်ဆာလီယံ Renata Lok-Dessallien ဟာ သူ့ရဲ့မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်တဲ့အချိန် ဒီလကုန်ရင် ပြီးဆုံးတော့မှာဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
ဘီဘီစီသတင်းဌာနအဆိုအရ သူဟာ အဖွဲ့အတွင်းမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကို တားမြစ်ခဲ့ သလို လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ့ တိုင်းရင်းသားဒေသတွေကို လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ မသွားအောင် အားထုတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။
မြန်မာနိုင်ငံတာဝန်ကနေ အနားယူလိုက်တာဟာ တာဝန်အပြောင်းအလဲ ပြုလုပ်ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။
မစ္စက် ရီနာတာဟာ မြန်မာနိုင်ငံမှာ ၄ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး သူတာဝန်ထမ်းဆောင်ဖို့ ကျန်ရှိတဲ့ အချိန်မှာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မစ္စက် ရီနာတာ တာဝန်ကို ဘယ်သူဆက်ခံမလဲဆိုတာကိုတော့ ထုတ်ပြန်ကြေညာချက်မှာ မပါရှိပါဘူး။