တပ်မတော်ရဲ့ စစ်ရေးလုပ်ရပ်အပေါ် ကုလကိုယ်စားလှယ် အပြင်းအထန်ဝေဖန်
2020.04.29
မြန်မာ့တပ်မတော်ဟာ စစ်ရာဇဝတ်မှု(War Crimes)နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime against humanity) တွေကို ချိုးဖောက်ကျူးလွန်နေနိုင်တယ်လို့ မစ္စယန်ဟီးလီရဲ့ ရေးသားဖော်ပြချက်ဟာ တဖက်သတ်စွပ်စွဲချက်ပဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက တုံ့ပြန်ပါတယ်။
“တပ်မတော်က တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ၊ နိုင်ငံတော်ရဲ့တည်ဆဲ ဥပဒေတွေ၊ နိုင်ငံတကာက သတ်မှတ်ချက်တွေနဲ့အညီ ရပ်တည်ဆောင်ရွက်တာဖြစ်တယ်။ ဒီလိုအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်မျိုးက မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ရေးသားချက်သာ ဖြစ်တယ် ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှုး မုံရွာအောင်ရှင်ကလဲ မစ္စယန်ဟီးလီရဲ့ ပြောဆိုချက်ကို ကန့်ကွက်လိုက်ပါတယ်။
“ရခိုင်ပြည်နယ်မှာ ဒီလိုလက်နက်ကိုင်ပဋိပက္ခတွေဖြစ်တဲ့အပေါ်မှာတော့ အထိအခိုက် အကျအဆုံးကတော့ အားလုံး နှစ်ဘက်လုံးမှာရှိကြတာပဲ။ ဒါကို လူ့အခွင့်အရေးချိုးဖောက်တယ် အကြမ်းဖက်မှုလုပ်တယ်ဆိုတာတော့ သတ်သတ်မှတ်မှတ်ပြောလို့မရပါဘူး”
ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်အတွင်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျကျူးလွန်နိုင်တယ်ဆိုတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တပ်မတော်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက - AA က ပလက်ဝမှာ ပြည်သူတွေ အစာရေစာပြတ်လတ်နေတဲ့အထိ ပိတ်ဆို့မှုလုပ်တာ၊ အရပ်သားတွေကို မတရားဖမ်းဆီးချုပ်နှောင်တာတွေကို နိုင်ငံတော်အစိုးရ နဲ့ တပ်မတော်က လျစ်လျူရှုမထားနိုင်ကြောင်း၊ AA ရဲ့ပိတ်ဆို့မှုကို တပ်မတော်က လမ်းဖွင့်တာသာဖြစ်ကြောင်း ပြောပါတယ်။
တပ်မတော်က အစဉ်အဆက် ဒေသခံ အရပ်သားပြည်သူတွေ တိုင်းရင်းသားတွေ ထိခိုက်နစ်နာမှု ပိုဆိုးဝါးသွားအောင် စစ်ဆင်ရေးတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေရှိခဲ့ကြောင်း၊ ၂ဝ၁၇ တုန်းကလည်း ဒီလိုပဲ ရှိခဲ့ကြောင်း၊ အခုလည်း ရခိုင်ပြည်နယ်မှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား လုပ်ဆောင်တာတွေရှိလို့ အရပ်သားတွေ ထိခိုက်နစ်နာနေရကြောင်း၊ ဒီပြစ်မှုတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ အရေးယူ အပြစ်ပေးရမှာဖြစ်တယ်လို့လည်း မစ္စယန်ဟီးလီက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီစွဲချက်တွေကို အရေးယူဖို့ကိုလည်း သူက တောင်းဆိုပါတယ်။
ဒီအပေါ်မှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက - နိုင်ငံတော်အစိုးရအနေနဲ့ရော တပ်မတော်ကပါ ရခိုင်မှာပစ်မှတ်ထားဆောင်ရွက်တာ AA အကြမ်းဖက်အဖွဲ့ကိုသာဖြစ်ကြောင်း၊ AA အဖွဲ့ဟာ မြို့၊ ရွာ၊ အရပ်သူ အရပ်သားတွေကို လူသားဒိုင်းလို အသုံးပြုဆောင်ရွက်နေကြောင်း၊ အဲလိုကြောင့် တိုက်ခိုက်တဲ့အခါ အရပ်ဝတ်တွေနဲ့ပဲ ဆောင်ရွက်ကြောင်း၊ ခွဲခြားသိမြင်ရဖို့ ခက်ခဲကြောင်း၊ ဒီလိုအခြေအနေမှာ AA က ထိခိုက်သေဆုံးမှုတွေကို အရပ်သားတွေအနေနဲ့ နိုင်ငံတကာကို ပြောတာတွေရှိကြောင်း တပ်မတော်အနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာထိခိုက်လာမှုအတွက် တုံ့ပြန်ရတာဖြစ်ကြောင်း ပြောပါတယ်။
AA ရခိုင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက - ပလက်ဝမှာ AA က အရပ်သားတွေကို ဖမ်းဆီးတာ၊ လုံးဝမရှိကြောင်း၊ AA က ဧပြီလ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမဲ့ တပ်မတော်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တဲ့အတွက် တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေရကြောင်း၊ ပလက်ဝမှာ အရပ်သားတွေ ရိက္ခာသယ်ယူရေးတွေကို တားမြစ်တာလဲ မရှိကြောင်း၊ တပ်မတော်ကို ထောက်ခံတဲ့အစုအဖွဲ့တွေက AA ကို မတရားစွပ်စွဲ ပြောဆိုတာသာဖြစ်ကြောင်း၊ ဒေသခံတွေအနေနဲ့ လေကြောင်းကနေ လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ နေ့စဉ်နီးပါး လှမ်းပစ်တာကို သိကြကြောင်း၊ မြန်မာစစ်တပ်က သူတို့ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ဖုံးကွယ်တာသာဖြစ်ကြောင်း ပြောပါတယ်။
ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်မှာ WHO ဝန်ထမ်း အပစ်ခတ်ခံရပြီး သေဆုံးတာကို စုံစမ်ဖော်ထုတ်အရေးယူဖို့ နဲ့ ရခိုင်မြောက်ပိုင်းမှာ အင်တာနက်ဖြတ်တောက်ထားတာ၊ ပြည်ထဲရေးက အရေးယူလို့ သတင်းထောက်တွေ ပုန်းရှောင်နေရတာတွေကိုလည်း ဝေဖန်ထားပါတယ်။
မြန်မာအစိုးရနဲ့ တပ်မတော်အနေနဲ့ နိုင်ငံတော်သမ္မတက ထုတ်ပြန်တဲ့ လူအစုအပြုံလိုက် သတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ပါ အချက်တွေ လိုက်နာဖို့နဲ့ ICJ နိုင်ငံတကာတရားရုံးက ချမှတ်ထားတဲ့ အကာကွယ်ပေးရေး အမိန့်တားမြစ်ချက်တွေ လိုက်နာဖို့လည်း မစ္စယန်ဟီးလီက တောင်းဆိုထားပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ICJ ရဲ့ ကြားဖြတ်အစီအမံနဲ့ပတ်သက်ပြီး အစိုးရကညွှန်ကြားချက်ကို တပ်မတော်က တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။
ဒီနေ့ဧပြီလ ၃ဝ ရက်နေ့ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် မစ္စယန်ဟီးလီ တာဝန်ထမ်းဆောင်တဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။