ကုလအထူးအကြံပေး ပြန်လည်ထွက်ခွာ
2012.06.14

မစ္စတာ နမ်ဘီယာ ခရီးစဉ်နဲ့ပတ်သက်ပြီး နယူးယောက်မြို့ ကုလ သမဂ္ဂဌာနချုပ်မှာ မနေ့ကကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မာတီနာဆာကီ က ပြောဆိုရာမှာ -
ခရီးစဉ်ရဲ့အဓိကရည်ရွယ်ချက်က ရခိုင်ပြည်နယ်က အခြေအနေတွေကို ကုလသမဂ္ဂအနေနဲ့ ဘယ်လိုအကူအညီတွေ ဆက်ပြီးပေးနိုင်သလဲဆိုတာ သွားရောက်လေ့လာစုံစမ်း တာပါ။ ဒါနဲ့ ပတ်သက်လို့ နောက်ထပ်လည်း သတင်းတွေထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ မစ္စတာနမ်ဘီယာဟာ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါ တယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ထုတ်ပြန်ချက်အရ စစ်တွေ၊ မောင်းတောနဲ့ ဘူးသီးတောင်မြို့တွေမှာ ဒုက္ခသည်ဦးရေ တစ်သောင်း ငါးထောင်လောက်ရှိပြီး၊ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP ကလည်း ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့လည်း မာတီနာဆာကီ က ပြောပါတယ်။
မစ္စတာနမ်ဘီယာရဲ့ အခုခရီးစဉ်မှာ သတင်းစာရှင်းလင်းပွဲ မလုပ်ခဲ့ဘူးလို့ သိရပါတယ်။