ကုသလမဂ္ဂရဲ့ မြန်မာဌာနေ ကိုယ်စားလှယ်အဖွဲ့ သတင်းစာ ရှင်းလင်း
2016.11.03

ရခိုင်ပြည်နယ် စစ်တွေမြို့ကို မနေ့ကရောက်ရှိလာတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နဲ့ သံအမတ်အဖွဲ့ဟာ တပ်မတော်ရဟတ်ယာဉ်နဲ့ စစ်တွေမြို့ကနေ မောင်တောမြို့နယ် အလယ်သံကျော်၊ ကိုင်းကြီး၊ ဇော်မတက်နဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာတွေကို ဒီနေ့ သွားရောက်ခဲ့ကြပါတယ်။
မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်တွေအပေါ်မှာ လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့တွေနဲ့ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata က စစ်တွေလေဆိပ်မှာ ဒီနေ့ညနေက ပြုလုပ် တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီလို စုံစမ်းစစ်ဆေးနိုင်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီမှုရထားသလို ကြောက်လန့်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူတွေအပေါ်မှာလည်း အစိုးရက အကူအညီတွေပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ဒီခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ကျေးရွာတွေဟာ သံအမတ်ကြီးတွေ တောင်းဆိုတင်ပြခဲ့တဲ့ ကျေးရွာတွေဖြစ်တယ် လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နဲ့ သံအမတ်အဖွဲ့ဟာ မောင်တောမြို့နယ် အတွင်းက မွတ်ဆလင်ဒုက္ခသည်တွေကို အကူအညီပေးရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဧည့်ဂေဟာမှာ အစိုးရတာဝန်ရှိသူတွေနဲ့ ဒီနေ့မနက်က သီးသန့်တံခါးပိတ် တွေ့ဆုံဆွေးခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။