ဦးတင်ဦး ဟင်္သာတမှာ ဟောပြော


2015.09.19
u-tinoo-620.jpg ဧရာဝတီတိုင်းဒေသကြီး ဟသာၤတမြို့နယ် ဟုန်ဆန်စီခန်းမမှာကျင်းပတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွင် NLD နာယက သူရဦးတင်ဦးကို စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Wai Yan Moe Myint/ RFA

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် အမှန်တကယ် ပြောင်းလဲပေးနိုင်မယ့်သူဆို တာ မှတ်ကျောက်တင်ခံနိုင်တယ်လို့ NLD နာယက သူရဦးတင်ဦးက ပြောပါတယ်။

ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီး ဟသာၤတမြို့နယ် ဟုန်ဆန်စီခန်းမမှာကျင်းပတဲ့ ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ NLD နာယက သူရဦးတင်ဦးက ပြောလိုက်တာဖြစ်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ မဲစာရင်းတွေမှာ အမှားအယွင်းတွေများနေပေမယ့် ပြည်သူတွေအနေနဲ့ မဲစာရင်းတွေကို သွားရောက်စစ်ဆေးကြဖို့ကိုလည်း ပြောပါတယ်။

ဟင်္သာတမြို့နယ် မဲဆန္ဒနယ်ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဦးဌေးဦးရဲ့ မဲဆန္ဒနယ်မြေဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။

ဒီနေ့ ဟင်္သာတမြို့က အခမ်းအနားကို ဒေသခံ တစ်ထောင်ကျော်လောက် တက်ရောက်ကြပြီး ဟသာၤတမြို့နယ် ကနေ ရွေးကောက်ပွဲကို ဝင်ရောက်ရွေးချယ်ခံကြမယ့် NLD ပါတီက ကိုယ်စားလှယ်လောင်းတွေကို လည်း ဒေသခံတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။