ဖိနှိပ်မှုလွတ်ကင်းရေး NLDကို မဲပေးဖို့ ဦးတင်ဦး စည်းရုံးဟောပြော


2015.09.29
tinoo-nld-620.jpg NLD ဗဟိုအောင်နိုင်ရေးဥက္ကဌ သူရဦးတင်ဦး စက်တင်ဘာလ ၂၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့မှာ ရွေးကောက်ပွဲ ဆိုင်ရာ လူထုဟောပြောပွဲကို တက်ရောက်စဉ်
Photo: Nay Thwae/ RFA

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုကော်မတီဥက္ကဌ သူရဦးတင်ဦးဟာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့က ဆင်အလှကပြိုင်ကွင်းမှာ ဒီနေ့ လူထုနဲ့တွေ့ဆုံပြီး မဲဆွယ်စည်း ရုံးဟောပြောခဲ့ပါတယ်။

နှစ်ပေါင်း ၆၀ လောက် ဖိနှိပ်ချုပ်ချယ်ခံခဲ့ရတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့အတွက် NLDကို မဲပေးဖို့ သူရဦးတင်ဦးက ပြောပါတယ်။

"တိုင်းပြည်မှာ နှစ်ပေါင်း ၆ဝ လောက် အားလုံးဒုက္ခသုခတွေ ကြုံခဲ့သော်လည်း အခုချိန်မှာဖြင့် ဒီအခြေအနေက လွတ်မြောက်ကြရအောင် ပြည်သူလူထုကတခဲနက် ငြိမ်းငြိမ်းချမ်းချမ်း အေးချမ်းသောနည်းနဲ့ ပြုပြင်ပြောင်း လဲပေးနိုင်တဲ့ စွမ်းပကားကို ပြသတာဖြစ်တဲ့အတွက်လည်း အင်မတန်မှလေးနက်ပါတယ်၊ ပြောင်းလဲချိန်တန်ပါပြီ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့ "

သူရဦးတင်ဦးဟာ မြစ်သားမြို့မှာလည်း ဟောပြောခဲ့ပြီး ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်တွေကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် NLD ပါတီကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဒေါက်တာတင်အောင်၊ ဒေါ်အုန်းကြည်၊ ဦးရဲမင်းထွန်း ၊ ဒေါက်တာလင်းလင်းကျော်၊ ဦးမင်းအောင်၊ ဒေါ်သင်းမြမြသင်းနဲ့ ဦးအောင်ကြည် တို့ကို ဒေသခံတွေနဲ့ မိတ်ဆက်ပေး ခဲ့ပါတယ်။

မနက်ဖြန်မှာတော့ မန္တလေးမြို့မှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲကျင်းပမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။