ခင်ဦးမြို့ အင်တိုင်းရွာမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် နှစ်ဦး ဒဏ်ရာရ

2021.10.25
ခင်ဦးမြို့ အင်တိုင်းရွာမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် နှစ်ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဧပြီ ၃ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်တိုင်းရွာကို အောက်တိုဘာလ ၂၅ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီ တပ်သား တွေ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတာကြောင့် နှစ်ဦး ကျည်ထိမှန်ပြီး ရွာသားအချို့ ထွက်ပြေးပုန်းရှောင်နေ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၅၀ နီးပါး ရွာထဲဝင်လာပြီး ရွာသားတွေကို ရိုက်နှက်စစ်ဆေးခဲ့သလို ပစ်ခတ်မှုပါ ရှိခဲ့တာကြောင့် အမျိုးသမီး တစ်ဦးနဲ့ အသက် ၁၃ နှစ်အရွယ် ကလေး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း ရွာသစ်ကုန်းရွာမှာ စစ်ကောင်စီဘက်က ပျူစောထီးတပ်ဖွဲ့ဖွဲ့ဖို့ စစ်သင်တန်းပေးတာကို ရွာသားတွေက လက်မခံဘဲ ထွက်ပြေးကြတာကြောင့် ရွာကိုမီးရှို့ခဲ့ရာမှာ အိမ် ခြောက်လုံး မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး ခင်ဦးမြို့နယ်ထဲက ခင်ဦး - ရေဦးကားလမ်းအကျော် မုံတော (မြောက်) ရွာ အပါအဝင် အင်းပတ်ကွေ့၊ ရွာသစ်၊ မူးသာ၊ မုံတော (တောင်)၊ သဲကုန်းကြီး၊ ကျီးအိုင် အစရှိတဲ့ရွာတွေကို စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ဝင်ရောက်လာပြီး ရွာတွေထဲကိုဝင်ရောက်ကာ ပစ်ခတ်ဖမ်း ဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးပုန်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။