ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
2016.03.31

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ မန်တုံမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA တို့ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
မနေ့မနက်ပိုင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
"မနေ့ကတော့ တိုက်ပွဲနှစ်နေရာ ပြန်ဖြစ်တယ်လေ၊ မနက် ၄ နာရီလောက်ကတော့ မန်တုံမြို့နယ် ခိုတပ်ကျေးရွာထဲမှာဖြစ်တယ်၊ အဲ့ဒီမှာက နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်၊ ကျနော်တို့ အသေးစိပ်တော့ မသိရသေးဘူး၊ ရွာသား ၂ ယောက်ထိခိုက် ဒဏ်ရာရတာရှိတယ်၊ ၆ နာရီ ၅ဝ လောက်ကတော့ ကျောက်မဲ မြို့နယ် နမ့်ပါကျေးရွာအနီးမှာ တစ်ကြိမ်ပြန်ဖြစ်တယ်၊ အဲ့ဒီမှာတော့ ထိခိုက်ကျဆုံးမှုမရှိဘူး၊ အစိုးရ တပ်ကတော့ ၅ ဦး ဒဏ်ရာရတယ်လို့တော့ သိရတယ်"
TNLA တပ်တွေဟာ မနေ့က မန်တုံမြို့နယ် ဟိုတပ်ကျေးရွာမှာ ရှိနေစဉ် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပြီး ဒေသခံရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
TNLA အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။