ကျပ် ၈၂ သန်းဖိုး မူးယစ်ဆေးများ TNLA တပ်ဖွဲ့က ဖမ်းဆီးရမိ
2015.11.29

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်များ နဲ့ အုပ်ချုပ်ရေးအဖွဲ့တို့မှ မန်တုံမြို့နယ်၊ မုံးခတ်ကျေးရွာမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ရှောင်တခင်စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဘိန်းနဲ့ မူးယစ်ဆေးဝါးများ တန်ဖိုးငွေ ကျပ် ၈၂ သန်းကျော် ဖမ်းဆီးရမိတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ကြေညာပါတယ်။
နမ့်ခမ်းမြို့နယ်၊ မန်ပန်ကျေးရွာနေ ဦးပိန်းခါည်ဖူရဲ့နေအိမ်မှာ ဆပ်ပြာခွက်ဖြင့်ထည့်ထားတဲ့ ဘိန်းဖြူ ၅၅ ခွက်၊ ယာဘဆေးပြား အထုတ် ၂ဝဝ ၊ ဘိန်းမည်း ၂ ပိဿာကို ဖမ်းမိတာဖြစ်တယ်။
အဲ့ဒီ ဖမ်းဆီးရမိတဲ့ တရားခံအား PSLF/TNLA တပ်ဖွဲ့ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများအား PSLF/TNLA တပ်ဖွဲ့ နှစ်ပတ်လည်နေ့တွင် တစ်နှစ်တာဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအားလုံးကို အများပြည်သူ၊ ရှေ့တွင် အခမ်းအနားဖြင့် စုပေါင်းမီးရှို့ဖျက်ဆီးမည်လို့ ဖေါ်ပြ ပါတယ်။