မြန်မာနယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်က လုံခြုံရေး တိုးမြှင့်ထား

RFA Burmese
2025.03.06
မြန်မာနယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်က လုံခြုံရေး တိုးမြှင့်ထား ထိုင်း-မြန်မာနယ်စပ်အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်နေသည်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့က တွေ့ရစဥ်။
Khaosod English Photo

ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်တစ်လျှောက်မှာ မတ် ၇ ရက် ဒီနေ့မနက်ပိုင်းမှာ ထိုင်းစစ်သားတွေ အင်အားဖြည့်တင်းထားတယ်လို့ ထိုင်းသတင်း Khaosod English က ဖော်ပြပါတယ်။

နယ်စပ်အနီး စစ်ကောင်စီတပ်က MiG-29 ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံဘက်ခြမ်းမှာ အခုလို အင်အားတိုးမြှင့်လာတာလို့ ဆိုပါတယ်။

ထိုင်းနယ်စပ်နဲ့ မီတာ ရှစ်ရာအကွာက ပေါက်ကွဲသံတွေကိုလည်း ထိုင်းဘက်အခြမ်းကနေ ကြားနေရတယ်လို့ ဖော်ပြပါတယ်။

ထိုင်းနယ်စပ် တာ့ခ်ခရိုင်အနီးက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာ ရက်အတန်ကြာနေပြီ ဖြစ်ပါတယ်။

မတ် ၂ ရက်နေ့က စစ်ကောင်စီတပ်က ထိုင်းနယ်စပ်အနီး ပေါင်ငါးရာဗုံး နှစ်လုံး ကြဲချခဲ့ပြီး ထိုင်းဘက်ကလည်း ဂျက်တိုက်လေယာဥ်နှစ်စင်းနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ကင်းလှည့်စောင့်ကြည့်ခဲ့ကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ မြန်မာစစ်ဘေးဒုက္ခသည် လေးရာကျော်ရှိနေပြီလို့ Chiangrai Times သတင်းမှာ မတ် ၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။