တီးတိန်မှာဗုံးပေါက်လို့ ကလေးငယ်တစ်ဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

2021.05.19
တီးတိန်မှာဗုံးပေါက်လို့ ကလေးငယ်တစ်ဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့၊ လွယ်ဘွားရပ်ကွက်မှာ ၂၀၂၁၊ မေ ၁၉ ရက်နေ့က ဗုံးပေါက်ကွဲလို့ ကလေးတစ်ဦး သေဆုံးနေတာကို တွေ့ရစဉ်
Photo: Citizen Journalist

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့၊ လွယ်ဘွားရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့အိမ်ရှေ့နားမှာ ဒီနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့လို့ ၁၀ နှစ်အရွယ်ကလေး တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသွားတဲ့ မောင်လျန်မွမ်ဆန် ဆိုသူဟာ သူငယ်ချင်း နှစ်ယောက်နဲ့အတူ ဗီဒီယိုအခွေ သွားဝယ်ရာကနေ ခုလိုဖြစ်ရတာလို့ မောင်လျန်မွမ်ဆန်ရဲ့ မိခင်က RFA ကို ပြောပါတယ်။

“သူတို့က ဗီဒီယိုအခွေ ဝယ်ဖို့သွားတာ။ အုပ်ချုပ်ရေးမှူးအိမ်နားမှာ ဗုံးလိုဟာမျိုး တွေ့တယ်။ သူတို့က မသိဘူး။ ဗုံးကို ထိမိသွားတော့ ပေါက်ကွဲသွားတာ။ သူတို့က သုံးယောက်သွားတာ။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာပဲရတယ်။ သူ့သူငယ်ချင်းတွေက သူနဲ့န ည်းနည်းဝေးလို့ ဒဏ်ရာပဲရတာ။ ကျွန်မတို့သားလေးကို သတင်းကြားကြားချင်း သွားကြည့်တဲ့အချိန်မှာ အသက်ရှိနေသေးတယ်။ ဒါပေမဲ့ စစ်တပ်တွေက သူ့ကို ခေါ်သွားခွင့် မပေးဘူး။ တီးတိန်ဆေးရုံကို ပို့တဲ့အချိန် သေသွားတယ်။”

လက်ရှိမှာ မောင်လျန်မွမ်ဆန်ရဲ့အလောင်းကို တီးတိန်ပြည်သူ့ဆေးရုံရှိ ရင်ကွဲရုံမှာ ထားရှိထားပြီး အလောင်းထုတ်ယူလို့ မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။