စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖမ်းဆီးနေလို့ တမူးမြို့ခံတွေ ထွက်ပြေးနေရ

2021.04.12
စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖမ်းဆီးနေလို့ တမူးမြို့ခံတွေ ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေကို ၂၀၂၁၊ ဧပြီ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စစ်ကောင်စီကတပ်တွေ ဝင်ရောက်ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ ကြမ်းကြမ်း တမ်းတမ်း လုပ်ဆောင်နေလို့ ပြည်သူတွေ ထွက်ပြေး​နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီကနေ့ မနက် ၆ နာရီလောက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့အတွင်းက အတားအဆီးတွေ ကို အင်အားသုံး ဝင်ရောက် ရှင်းလင်းနေခဲ့တာပါ။

အိမ်တွေကို ဝင်စစ်တယ်၊ ဓာတ်ပုံတွေ ပါပါတယ်။ မြို့ခံ အမျိုးသမီး နှစ်ယောက်က အိမ်တွေ လိုက်ပြတယ်။ သေနတ်တွေနဲ့ ပစ်တာတွေလုပ်တော့ ကျည်အစစ်ထိထားသူတွေလည်း ရှိတယ်။ အခုကတော့ တမူးမှာ မနေရဲကြတော့လို့ တော်တော်များများ ထွက်ပြေးနေကြရတယ်လို့ တမူးဒေသခံတယောက်က ပြောပါတယ်။

တမူးမြို့ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြတာတွေ နေ့စဥ်လုပ်ဆောင်ခဲ့ပြီး ဒီရက်ပိုင်း မှာတော့ စစ်ကောင်စီတပ်တွေကို ပြန်လည် ခုခံတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် စစ်တပ်ဘက်ကလည်း အကျဆုံးရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။