မန္တလေးမှာ ဆန္ဒပြတဲ့ကျောင်း သားလေးဦးကို ဖမ်းဆီး
2017.04.26

စစ်ကိုင်းပညာရေးကောလိပ်မှာကျင့်သုံးနေတဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက်ကြောင်း မန္တလေးမြို့ အဆင့်မြင့် ပညာဦးစီးဌာ(အထက်မြန်မာပြည်) ရုံးရှေ့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသား ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ခွင့်ပြုချက်မတင်ပဲ ဆန္ဒပြတဲ့အတွက် ဆန္ဒပြသူ နှစ်ဦးအပြင် ဆန္ဒပြရာမှာ မပါဝင်ပဲ ဘေးမှာရပ်နေတဲ့ ဗကသများ အဖွဲ့ချုပ်အဖွဲ့ဝင် ကိုရဲမျိုးဆွေနဲ့ ကိုကောင်းဇော်ဟိန်း တို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်တာဖြစ်ပါတယ်။
စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသား ကိုဇော်ရဲထွဋ်နဲ့ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ကိုနှင်းအောင် တို့နှစ်ဦးက စစ်တပ်လို ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်ကိုင်း ပညာရေးကောလိပ် အုပ်ချုပ်မှုစနစ် အလိုမရှိကြောင်း၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိရေး၊ ဒီမိုကရေစီအလေ့အကျင့်တွေ သင်ကြားပေးရေး၊ ကျောင်းသားထု အခွင့်အရေး အပြည့် အဝရရှိရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားတွေဟာ ၂၀၀၈ ခြေခံဥပဒေနဲ့ ငြိမ်းစုစည်ဥပဒေပုဒ်မ ၁၈ ကို လက်မခံတဲ့ အတွက် ဆန္ဒထုတ်ဖော်ပွဲတိုင်းကို ခွင့်ပြုချက်မတောင်းခံကြတာဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၄ ဦးကို မန္တလေးမြို့ အမှတ်(၈) ရဲစခန်းမှာ ချုပ်နှောင်ထား တယ်လို့ သိရပါတယ်။