ကျောင်းပြန်တက်ခွင့်ပေးဖို့ NNER တောင်းဆို
2017.06.04

ကျောင်းအုပ်ချုပ်မှုစနစ်ကို ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး ကျောင်းထုတ်ခံထားရတဲ့ စစ်ကိုင်းပညာရေးကော လိပ်က ကျောင်းသား ကိုဇော်ရဲထွဋ်ကို ကျောင်းပြန် တက်ခွင့်ပေးဖို့အတွက် ပညာရေးစနစ် ပြုပြောင်းလဲရေးနိုင်ငံ လုံးဆိုင်ရာ ကွန်ရက် NNER က တောင်းဆိုလိုက်ပါတယ်။
NNER အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုးထွန်းက ဒီကနေ့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ NNERနဲ့ ဆရာများသမဂ္ဂတို့ ပူးပေါင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
"စစ်ကိုင်းပညာရေးကောလိပ် ဒုတိယနှစ်ကျောင်းသား မောင်ဇော်ရဲထွဋ်အား နိုင်ငံရေးဆူပူမှုဆိုင်ရာပြစ် မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသောကြောင့် စစ်ကိုင်းပညာရေးကောလိပ် သင်တန်းသားအဖြစ်မှထုတ်ပယ် လိုက်ခြင်းသည် ကျောင်းသားအခွင့်အရေးဆုံးရှုံးမှုအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရိုက်ချိုးလိုက်ခြင်းဖြစ်ပါသည်၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း ၁၃ ပါ ကူးပြောင်းရေးကာလပြ ဌာန်းချက် အပိုဒ် ၁၁ ( ခ) တွင် အသွင်ကူးပြောင်းရေးကာလတွင်အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူခွင့် နစ်နာဆုံးရှုံးမှုရှိသူတိုင်းဆက်လက် ပညာသင်ယူခွင့်ရမည်ဟု ပါရှိသည်"
ကျောင်းထုတ်ခံရသူ ကိုဇော်ရဲထွဋ်ဟာ စစ်ကိုင်းပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်ပြီး သူဟာ ကျောင်းအုပ်ချုပ်ရေးကို တခြားဗကသကျောင်းသား ၃ ယောက်နဲ့အတူ ဧပြီလ ၂၆ ရက်နေ့က ဆန္ဒပြခဲ့ တာကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၄လ ချမှတ်ခံရပြီး ကျောင်းထုတ်ခံရတာဖြစ်ပါတယ်။
သူနဲ့အတူ ဆန္ဒပြသူ ကျန်တဲ့ ကျောင်းသား ၃ယောက်က မန္တလေးရတနာပုံကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ဖြစ် ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် ဗကသကလည်း ကိုဇော်ရဲထွဋ် ကျောင်းပြန်လည် တက်ခွင့် ရရေး၊ တောင်းဆိုပါတယ်။
ကျောင်းပြန်တက်ခွင့် ရဖို့အတွက် အဆင့်မြင့်ပညာဦးစီးဌာနနဲ့ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ဇွန်လ ၅ ရက်နေ့ မနက်ဖြန်မှာ အဆင့်မြင့်ပညာဦးစီးဌာနက အကြောင်း ကြားမှာ ဖြစ်တယ်လို့ ကိုဇော်ရဲထွဋ်က ပြောပါတယ်။