ဆန္ဒပြ ကျောင်းသားတွေ ကို ထောင်ဒဏ်ချမှတ်
2017.05.09

စစ်ကိုင်းပညာရေးကောလိပ်မှာ ကျင့်သုံးနေတဲ့ ကျောင်းအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၄ ဦးကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ပါတယ်။
ဆန္ဒပြရာမှာ ခွင့်ပြုမိန့် မတင်ခဲ့တဲ့အတွက် ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ အရ ထောင်ဒဏ် ၃လ ချမှတ်ခဲ့တာဖြစ်ပြီး တရားခွင်ကို သပိတ်မှောက်ခဲ့တဲ့အတွက် တရားရုံးမထေမဲ့မြင်ပြုမှု ဥပဒေ အရ ဒဏ်ငွေချမှတ်ရာမှာ ကျောင်းသားတွေဘက်က မပေးတဲ့အတွက် ထောင်ဒဏ် ၁ လစီထပ်ပြီး ချမှတ်ခဲ့တာ ဖြစ် ပါတယ်။
တရားရုံးမထေမဲ့မြင်ပြုမှု ဥပဒေအရ ငွေဒဏ် ၂၀,၀၀၀ စီပေးဆောင်ဖို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့ပေမဲ့ ကျောင်း သားတွေက ဒဏ်ငွေပေးဆောင်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းပညာရေးကောလိပ်မှာ ကျင့်သုံးနေတဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က မန္တလေးမြို့ အဆင့်မြင့်ပညာဦးစီးဌာ (အထက်မြန်မာပြည်) ရုံးရှေ့မှာ စစ်ကိုင်းပညာရေးကော လိပ် ကျောင်းသား ကိုဇော်ရဲထွဋ်နဲ့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသားတွေဖြစ်တဲ့ ကိုနှင်းအောင်၊ ကိုရဲမျိုးဆွေ နဲ့ ကိုကောင်းဇော်ဟိန်း တို့က ဆန္ဒပြခဲ့တာပါ။
ဆန္ဒပြရာမှာ ခွင့်ပြုမိန့်မတင်ခဲ့တဲ့အတွက် အဲဒီကျောင်းသား ၄ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုလို ထောင်ဒဏ်ချမှတ် လိုက်တာ ဖြစ်ပါတယ်။