ဗကသကျောင်းသားတွေ တရားခွင် မှာ သပိတ်မှောက်
2017.04.28

စစ်ကိုင်းပညာရေးကောလိပ်မှာ ကျင့်သုံးနေတဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့အတွက် အဖမ်းခံ ထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင် ကျောင်းသား ၄ ယောက်ကို ဒီကနေ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ရုံးထုတ်ရာမှာ သူတို့အားလုံးက တရားခွင်ကို သပိတ်မှောက်ကြပါ တယ်။
တရားရုံးအနေနဲ့ ကြိုက်သလို စီရင်ဆုံးဖြတ်နိုင်တယ်လို့ တရားစီရင်ရေးကို သပိတ်မှောက်ခဲ့တဲ့ ရတနာပုံတက္က သိုလ်ကျောင်းသားသမဂ္ဂမှ ဥပဒေကျောင်းသား ကိုရဲမျိုးဆွေ က ပြောပါတယ်။
"တရားစီရင်ရေးစနစ်ကို ကျနော်တို့ သပိတ်မှောက်ရတာက တရားသူကြီးဆိုတာ ဥပဒေအကြောင်းပဲနေပါ၊ ကျနော်ကလည်း ဥပဒေကျောင်းသားပါ၊ ကျနော်တို့မှာ ပညာသင်တဲ့အခါမှာ ကတိယူထားတဲ့အချက် ရှိပါတယ်၊ ကျနော်တို့ ဥပဒေကျောင်းသားတွေ၊ ရှေ့နေပညာရှင်တွေဟာ ဥပဒေအပေါ်မှာပဲ အလုပ် အကျွေးပြုပါမယ် ကျနော်တို့က ကတိဆိုထားတာရှိပါတယ်၊ အဲဒီတော့ အခုလက်ရှိ ကျနော်တို့ ရှေ့နေကြီး တရားသူကြီးတွေကိုယ်တိုင်က ဥပေးအပေါ်မှာ အလုပ်အကျွေးပြုနေသလား၊ သူတို့ကိုယ်တိုင်ပဲ ကျနော် မေးခွန်းထုတ်ရပါလိမ့်မယ်"
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က မန္တလေးမြို့ အဆင့်မြင့်ပညာဦးစီးဌာ(အထက်မြန်မာပြည်) ရုံးရှေ့မှာ ခွင့်ပြုချက် မတင်ပြပဲ ကျောင်းအုပ်ချုပ်ရေးစနစ်ကို ဆန္ဒပြခဲ့ကြတဲ့အတွက် ပုဒ်မ ၁၉ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့် လည်ခြင်းဆိုင်ရာပုဒ်မနဲ့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက စစ်ကိုင်းပညာရေးကောလိပ်က ကိုဇော်ရဲထွဋ်၊ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ကိုနှင်းအောင်၊ ကိုရဲမျိုးဆွေ နဲ့ ကိုကောင်းဇော်ဟိန်း တို့ ဖြစ်ပါတယ်။
ဒီကနေ့ဟာ ပထမဆုံးအကြိမ် ရုံးထုတ်တာဖြစ်ပြီး ၄ ဦးစလုံးက တရားခွင်မှာ သပိတ်မှောက်ခဲ့ကြပေမဲ့ တရားလိုပြ သက်သေ ရဲအုပ်ထင်လင်းကျော် အပါအဝင် ၄ ဦးကို စစ်ဆေးခဲ့ပါတယ်။
လာမဲ့ မေလ ၂ ရက်နေ့မှာတော့ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ ချမ်းအေးသာစံမြို့နယ် တွဲဖက်တရားသူကြီး ဦးမောင်မောင်သက်လွင် က ပြောပါတယ်။
ပုဒ်မ ၁၉ အရ ထောင်ဒဏ် ၃လ နဲ့ ငွေဒဏ် ၃ သောင်း ချမှတ်နိုင်တဲ့အပြင် နှစ်ကြိမ်ကျူးလွန်သူတွေ ကိုတော့ ထောင်ဒဏ် ၁ နှစ် နဲ့ ငွေဒဏ် ၁ သိန်း အထိ ချမှတ်နိုင်ပါတယ်။