စစ်ပွဲရပ်တန့်ဖို့ ဆန္ဒပြသူတွေကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ နဲ့ ရုံးထုတ်


2019.05.24
stop-war-activist-court-622.jpg ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲခံရတဲ့ စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူတွေကို ဗဟန်းမြို့နယ် တရားရုံးမှာ ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကန့်သတ်ချက်တွေမရှိဘဲ ကူညီထောက်ပံ့ခွင့် ရဖို့အတွက် ရန်ကုန်မြို့ တာမွေဂုံးကျော်တံတားအနီးမှာ ၂၀၁၈ မေလမှာ ဆန္ဒပြခဲ့ကြသူ ၁၇ ယောက်ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ နဲ့ ဒီနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ဒီနေ့ ရုံးထုတ်မှာ အပြာရောင်တီရှပ်ဝတ် လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

ဆန္ဒပြသူတွေကို တရားစွဲဆိုထားတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တန်းတူညီမျှမှု မရှိဘူးလို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။

စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူတွေကို တာမွေမြို့နယ် ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ကိုးဦးကို အဲဒီနေ့မှာပဲ ဖမ်းဆီးခဲ့ပြီးနောက် အာမခံနဲ့ပြန်လွှတ်ပေးခဲ့တာပါ။

တရားစွဲဆိုခံရသူတွေထဲမှာ ကိုဇေယျာလွင်၊ မခင်စန္ဒာ၊ မသဉ္ဇာရွှန်းလဲ့ရည်၊ ကိုမြတ်ကျော်၊ ကိုတင်ထွဋ်ပိုင်၊ ကိုပိုင်ရဲသူ၊ မရှားယမုံ၊ ကိုဆောင်းခနဲ့ မအိအိမိုးတို့ ပါဝင်ပြီး ဒီနေ့ ရုံးချိန်ကိုတော့ ငါးဦးသာ တက်ရောက်ခဲ့ပါတယ်။

စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူတွေကို ဒီနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ ဒီအမှုထဲမှာ ပါဝင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့လည်း ပါဝင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ဆန္ဒပြခဲ့သူတွေကို အရပ်ဝတ်နဲ့လူတွေက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာတွေရှိခဲ့တာပါ။
စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူတွေကိုလာမယ့် ဇွန်လ ခြောက်ရက်နေ့မှာ ရုံးထုတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။